စစ်ပွဲကြားပိတ်မိနေသည့် နိုင်ငံတကာအဖွဲ့အစည်းများ ဘေးလွတ်ရာပြောင်းရွှေ့ရေး AA ကူညီမည်

စစ်ပွဲကြားပိတ်မိနေသည့် နိုင်ငံတကာအဖွဲ့အစည်းများ ဘေးလွတ်ရာပြောင်းရွှေ့ရေး AA ကူညီမည်

ရခိုင်ပြည်အတွင်း လက်ရှိစစ်ရေးပြင်းထန်နေဆဲ ဘူးသီးတောင်၊ မောင်တောနှင့် သံတွဲမြို့နယ်များတွင် အခြေစိုက်ထားသည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ကြရန် မေလ ၂၀ ရက်တွင် အာရက္ခတပ်တော်(AA)က အသိပေးထုတ်ပြန်လိုက်သည်။

အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်ကြားတွင် ပိတ်မိခဲ့လျှင်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ထံ အချိန်မရွေး အကူအညီတောင်းခံနိုင်ကြောင်း ဆိုထားသည်။  

ရခိုင်အရပ်ဘက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက “ တိုက်ပွဲကြားမှာ နိုင်ငံတကာအဖွဲ့ကလူတွေ တစ်ခုခုဖြစ်သွားရင် AA အတွက်လည်း မကောင်းဘူး။ အခုတောင် နိုင်ငံတကာမှာ သတင်းမှားတွေကြောင့် အပြောခံနေရတယ်။ ဒါကြောင့် လက်ရှိမှာ AA က အစစအရာရာကို သတိထားကိုင်တွယ်နေရတယ်လို့ မြင်တယ်”  ဟု ပြောသည်။

အာရက္ခတပ်တော်အနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ ဒေသခံများကို တိုက်ပွဲမဖြစ်ခင်က ကြိုတင်အသိပေးကာ စစ်ပွဲနှင့်ကင်းလွတ်သည့် ဒေသများသို့ ကူညီကယ်ထုတ်ပေးခဲ့ပြီး လက်ရှိတွင်လည်း ကူညီနေဆဲဖြစ်သည်ဟု ဆိုထားသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်းမှစ၍ စစ်တွေမြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူတချို့နှင့် အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူချို့ကို စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုများ ရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင် နိုင်ငံတကာအဖွဲ့အစည်းတချို့နှင့် အရပ်ဖက်အဖွဲ့အစည်းများမှာ အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများတွင် လာရောက်ခိုလှုံများနှင့် ရခိုင်ပြည်မှထွက်ခွာပြီး ရန်ကုန်အပါဝင် မြို့ကြီးတစ်ချို့တွင် အခြေစိုက်သွားကြသည်။

ရခိုင်မြောက်ပိုင်းရှိ မြို့အားလုံးနီးပါးကို ဆုံးရှုံးလိုက်ရချိန်မှာတော့ စစ်ကောင်စီသည် စစ်တွေမြို့မှထွက်ခွာသွားသည့် နိုင်ငံတကာအဖွဲ့အစည်းများကို ရုံးပြန်လည်ဖွင့်လှစ်ပြီး အလုပ်လုပ်ကိုင်ကြရန် ဖိအားပေးမှုများ ရှိနေသည်။

နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက “စစ်တွေမြို့မှာတော့ တချို့နိုင်ငံတကာ အဖွဲ့အစည်းတွေ ရှိနေတုန်းပဲ။ တော်တော်များများကတော့ ထွက်ခွာသွားပြီ။ အဲဒီလို ထွက်ခွာသွားတဲ့ အဖွဲ့အစည်းတွေကို စစ်တွေမြို့မှာ ပြန်ပြီးတော့အလုပ်လုပ်ဖို့ ဖိအားပေးနေတယ်လို့ သိရတယ်။ ဝန်ထမ်းတွေကတော့ စစ်တွေမြို့မှာ လုံခြုံရေးအာမခံချက် မရှိလို့ အလုပ်ထွက်သွားတာတွေလည်းရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ဘူးသီတောင်မြို့တွင်ရှိသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ကုန်ပစ္စည်းဂိုဒေါင် အပါအဝင် နယ်စည်းမထားဆရာဝန်များအသင်း(MSF)ရုံးနှင့် နေအိမ်အပါဝင် နေအိမ်ပေါင်း ၁,၅၀၀ ကျော်ခန့်ကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင်များက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

မေလ ၁၇ ရက်ကလည်း ဘူးသီးတောင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ကာ ပြည်သူပိုင်အိုးအိမ်၊ အဆောက်အအုံများကို ဖျက်ဆီးခဲ့သည်ဟု AA က ဆိုထားသည်။

အာရက္ခဒေသစစ်ပွဲ ၆ လကျော်အတွင်း မြို့နယ် (၁၀) ခုထိ သိမ်းပိုက်ထားသော AA နှင့် စစ်ကောင်စီတပ်ကြား သံတွဲ၊ မောင်တောနှင့် အမ်းမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...