ဆီဆိုင်မြို့ ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရ

ဆီဆိုင်မြို့ ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦနှင့် မိသားစုဝင် နှစ်ဦး  ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့သီရိရပ်ကွက် နယ်မြေ ၃ တွင်  မေလ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်၌ ကလေးတစ်ဦး မီးလောင်ပြင်အတွင်း သံတို သံစသွားကောက်ရာမှ ဗုံးထိမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိခင်ဖြစ်သူနှင့် ဦးလေး ပါထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မီးလောင်ပြင်ထဲက သံတိုသံစတွေ ကောက်ရင်း၊ ဘောပင်အရွယ်လုံးပတ်ရှိတဲ့ တစ်လက်မခန့်အရှည်သတ္ထု ချောင်းကို တူနဲ့ထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး လက်ချောင်းသုံးချောင်းပြတ်ထွက်သွားတာ ဒဏ်ရာအပြင်းအထန်ရသွားတာ။ အနားမှာရှိတဲ့အမေဖြစ်သူကနားရွက်မှာအစမှန် ဦးလေးဖြစ်သူက နဖူးမှာအစမှန် ဒါဏ်ရာ မပြင်းထန်”ဟု ၎င်းကပြောသည်။

ထို ထိခိုက်ဒဏ်ရာပြင်းထန်သော ကလေးငယ်သည် အသက် (၁၃) နှစ် ခွန်ရန်ပိုင်စိုးဖြစ်ပြီး ညာဘက်လက်သုံးချောင်း ပြတ်ထွက်သွားသော ဒဏ်ရာအပြင် ဘယ်ဘက်လက်ချောင်း၊ခြေထောက် တို့တွင်လည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံးတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် ယခုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မပေါက်ကွဲသေးသည့် စစ်ကျန် အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ကြီးများနှင့်မြေမြုပ်မိုင်းများစွာ ကျန်ရှိခဲ့ကြောင်း သိရသည်။

သျှမ်းတောင်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ရှောင်ရင်း နေအိမ်သို့ ရိက္ခာ ပြန်ယူမှုကြောင့် မြေမြုပ်မိုင်းနင်းမိသည့် ဒေသခံ (၁၀) ဦးထက်မနည်းရှိကြောင်း သိရသည်။

August 1, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ်က ထိန်းချုပ်လာပြီးနောက်ပိုင်း...
July 31, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ...
July 30, 2026
သျှမ်းပြည်တစ်ဝှမ်းတွင် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ...
July 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က ဒေသခံများကို တွေ့သမျှ...