ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာလိုအပ်

ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာလိုအပ်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ပင်လောင်းမြို့နယ် ဗန််းမောက်ကျေးရွာရှိ ကရင်နီဘက်မှ ရောက်ရှိလာသည့်စစ်ရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာမှစ၍ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရပြီး၊လက်ရှိတွင်လည်း ‌အနီးအနားရွာတွင် တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ များ ဝယ်ယူရန် လမ်းကြောင်းများ သွားလာခက်ခဲနေ‌ကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲတွေလည်း ဖြစ်နေတာ အလုပ်လည်းမရှိဘူး စားဖို့၊ သောက်ဖို့လည်း ပြတ်လပ်နေပြီ ၊ရှိတာကို ချွေတာစားနေကြရတာ၊ရွာဘေးမှာတွေကလည်း တိုက်ပွဲတွေဖြစ်နေတာ သွားလာလည်း အရမ်းခက်နေတာ၊ အများစုက နေ့စားအလုပ်ပဲလုပ်နေကြတာ၊အလုပ်မရှိတော့ စားဖို့သောက်ဖို့က ပြတ်လပ်နေပြီ ”ဟု စစ်ရှောင် ကူညီသူ အမျိုးသားတစ်ဦက ပြောသည်။

ထို ဗန်းမောက်ရွာအနီးရှိ နောင်ဝိုးကျေးရွာတွင် စစ်ကောင်စီနှင့် KNDFတို့ တိုက်ပွဲများဖြစ်ပြီးနေပြီး ဒေသခံများလည်း စစ်ဘေးရှောင်နေရသည်။

“ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေရှိတယ် ထွက်လာပြီး ရွာကို ပေးမပြန်သေးတာလည်းရှိတယ်၊ရွာတွေကို ပြန်ဖို့ကလည်း လက်နက်ကိုင်အဖွဲ့တွေ ပေးမပြန်တာက တောင်မဲတင်းတို့ နောင်ဝိုးတို့ဖက်ပါ။ တိုက်ပွဲဖြစ်ပွား တဲ့နေရာက နောင်ဝိုး၊ ပင်လောင်းနဲ့ အဲ့ရွာတွေက ၄၅ မိနစ်လောက်ဝေးတယ်” ဟု ၎င်းက ပြောသည်။

‘’၁၁.၁၁”စစ်ဆင်ရေ တိုက်ပွဲကြောင့် ကရင်နီပြည်မှ သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လာရောက်စစ်ဘေးရှောင်နေကြပြီး စုစုပေါင်း စစ်ဘေးရှောင် ၁ သောင်း ၅ ထောင်ခန့်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၅ ရက်တွင်လည်း ဆောင်းပြောင်းဒေသကို ဦးတည်၍ စစ်ဘေးရှောင်လာသည် လုံးပြင်းဒေသခံ နှစ်ဦးသည် နေရပ်သို့ ပြန်ပြီး စားနပ်ရိက္ခာများပြန်ယူနေစဉ် မြေမြုပ်မိုင်းနင်းမိကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
August 24, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/...
ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...