မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးအပေါ်အကူအညီပေးဖို့ ဂျပန်နိုင်ငံခြားရေးကော်မတီနဲ့ တောင်းဆိုခဲ့

မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးအပေါ်အကူအညီပေးဖို့ ဂျပန်နိုင်ငံခြားရေးကော်မတီနဲ့ တောင်းဆိုခဲ့

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တချို့ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ မှာ  ဂျပန်နိုင်ငံကို သွားရောက်ပြီး ဂျပန်နိုင်ငံခြားရေးကော်မတီ ဒုတိယအကြီးအကဲ မစ္စတာကိုမူရာ မာဆာဟီရိုနဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“ ဒီတွေ့ဆုံမှုကနေတစ်ဆင့် ဂျပန်အစိုးရ၊ ဂျပန်ပြည်သူလူထုများနှင့် လူမှုအဖွဲ့အစည်း များတို့မှ  မြန်မာနိုင်ငံ၏ အခြေအနေ၊ အချက်အလက်အမှန်များသိရှိနားလည် ပြီးလျှင် ကရင်နီပြည်အတွက် သာမကပဲ မြန်မာတစ်နိုင်ငံလုံးရှိ အတိဒုက္ခရောက် ရှိနေတဲ့ ပြည်သူများကို လူသားစာနာထောက်ထားမှုအကူအညီများ၊ ပညာရေး နှင့် ကျန်းမာရေးအကူအညီများ နှင့် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။“ လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ နိုင်ငံတကာနှင့်မဟာမိတ်ဆက်ဆံရေး ရေးရာကော်မတီ အတွင်းရေးမှူး လွီးဇ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေး၊ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီ စတဲ့ ကြောင်းအရာတွေကို တင်ပြခဲ့ကြတယ်လို့  ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ နိုင်ငံတကာနှင့်မဟာမိတ်ဆက်ဆံရေး ရေးရာကော်မတီ အတွင်းရေးမှူး လွီးဇ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အစည်းအဝေးပြီးနောက် ထုတ်ပြန်ချက်ထဲတွင် မြန်မာ့အရေး ဖြေရှင်းနိုင်ရေးတွေမှာ  တိုင်းရင်းသားအဖွဲ့တွေနဲ့ အပြန်အလှန် နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

သို့ပေမယ့် ဂျပန်အစိုးရနဲ့ ဒီမိုကရေစီအင်အားစုတို့ စတင်ထိတွေ့ဖို့ အစပျိုးချိန်ကာလဖြစ်တဲ့အတွက် တခြားတိကျတဲ့ သဘောတူညီမှုတစ်စုံတစ်ရာ မချမှတ်နိုင်သေးဘူးလို့ လွီးဇ်က ဆက်ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာအရေးဖြေရှင်းဖို့ အဖြေတစ်ခုရအောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောခဲ့ပါတယ်။

KNU နဲ့ KNPP တို့ဟာ ယခုနှစ် မတ်လထဲမှာ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်တွေ့ဆုံပြီး ဧပြီလထဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...