ကန်ပက်လက်မှာ တော်လှန်ရေး ၃ နှစ်အတွင်း အိုးအိမ်စွ့န်ခွာ စစ်ဘေးရှောင် တစ်သောင်းကျော်ရှိ၊ ထောက်ပံ့ကူညီပေးမှုများ မရရှိသလောက် နည်းပါးနေ

ကန်ပက်လက်မှာ တော်လှန်ရေး ၃ နှစ်အတွင်း အိုးအိမ်စွ့န်ခွာ စစ်ဘေးရှောင် တစ်သောင်းကျော်ရှိ၊ ထောက်ပံ့ကူညီပေးမှုများ မရရှိသလောက် နည်းပါးနေ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းနှင့်လေကြောင်းတိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး (၃)နှစ်အတွင်း ဒေသခံပြည်သူ  တစ်သောင်းကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး ထောက်ပံ့ကူညီမှု မရရှိသလောက် နည်းပါး ကြောင်း သိရသည်။

CDF ကန်ပက်လက်၏ တော်လှန်ရေး (၃) နှစ်ပြည့်သည့် မေလ ၁၃ ရက်နေ့တွင် ကန်ပက်လက်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရ သော အခြေအနေများ ထုတ်ပြန်ရာတွင် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က    ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

“ စားဝတ်နေရေးက ကူညီနိုင်တဲ့ အဖွဲ့အစည်း ကြီးကြီးမာမား မရှိဘူး။ ကိုယ့်ဟာနဲ့ကိုပဲ။ တခါတလေမှာတော့ NGO အဖွဲ့အစည်း အသေးတွေ ဝင်တာမျိုးတော့ ရှိတယ်။ အခက်အခဲကတော့ အများကြီးပဲ” ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကန်ပက်လက်စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက် ဆန်၊ဆီ၊ဆားတို့ကို အဓိက လိုအပ်နေပြီး ဆေးဝါးအကူအညီလည်း အများအပြားလိုအပ်ကြောင်း သိရသည်။

မိုးရာသီရောက်လျှင် လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲလာနိုင်သာကြောင့် ဒေသခံပြည်သူများ၏ အခက်အခဲမှာ ပိုတိုးလာရန်သာရှိကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဌာန မှ သိရသည်။

“ ထောက်ပံ့တဲ့အဖွဲ့ အစည်းတွေ နည်းပါးတဲ့အတွက် အဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး၊ လူသားစာနာနဲ့ ချိတ်ဆက်ပြီး အကူအညီပေးကြစေချင်ပါတယ်။ လာမယ့် ပညာသင်နှစ် ကျောင်းလည်း မကြာခင် ဖွင့်တော့မှာ ဆိုတော့ ကိုယ်ထူ ကိုယ်ထ ပညာရေးစနစ်ကို ဖော်ဆောင်မှာ၊ ခုပြည်သူတွေက ထွက်ပြေးရတာ ကြာပြီဆိုတော့ ပညာရေးနဲ့ ပတ်သက်တဲ့ အထောက် အပံ့လုပ်နေတဲ့ အဖွဲ့တွေရှိရင် ကူညီထောက်ပံ့မှုတွေ ပေးစေချင်ပါတယ်”ဟု မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူက ပြောသည်။

အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်တွင် ၅၀၀၀ ခန့်မှာ ဆောမြို့နယ်အတွင်း စစ်ဘေးရှောင်ကြပြီး ၃၀၀၀ ခန့်မှာ ကျင်ဒွေးတိုက်ပွဲဖြစ်စဉ်ကြောင့် စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ကျန် ၂၀၀၀ ခန့်မှာ ဥယျာဉ်၊ တောင်ယာခင်းများနှင့် တိုက်ပွဲမဖြစ်ပွားသော ကျေးရွာငယ်လေးများတွင် စစ်ဘေးရှောင်နေ ကြရ ကြောင်း သိရသည်။

တော်လှန်ရေး ၃ နှစ်တာအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းနှင့်လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း၊ CDF- ကန်ပက်လက်မှ ရဲဘော် ၂၈ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

CDF- ကန်ပက်လက် နှင့် ကန်ပက်လက်ပအဖတို့သည် ကန်ပက်လက်မြို့နယ်ကောင်စီ၏ နိုင်ငံရေး ဦးဆောင်မှုဖြင့် တော်လှန်ရေးကို လက်တွဲညီညီ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...