ဆိုင်းတောင်တံတားထိပ်မှာ အရပ်သား ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဆိုင်းတောင်တံတားထိပ်မှာ အရပ်သား ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်သူတွေကနေ သိရပါတယ်။

အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင် ဆိုင်းတောင်တံတားထိပ်မှာ တစ်နာရီအကြာပိတ်ဆို့စစ်ဆေးခဲ့ပြီး အရပ်သား ၃ ဦးကိုဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ အကြာကြီးတော့မဟုတ်ဘူး ခနပဲလုပ်သွားတာ အဲ့မှာသူတို့မသင်္ကာတဲ့အမျိုးသားသုံးယောက်ကိုတော့ဖမ်းသွားတယ်။ ဆိုင်းတောင်ရဲကုန်းကိုခေါ်သွားတယ်။ နောက်ဆက်သွယ်တော့မသိရသေးဘူးအခုတော့မရှိတော့ဘူး ပြန်ဆုတ်သွားကြပြီ''လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ အရပ်သား ၃ ဦးဟာ အသက် ၃၀ နဲ့ ၄၀ ကြားရှိသူတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းလို့ရပေမယ့် မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

မေလ ၁ ရက်နေ့ စစ်ကောင်စီတပ်ဟာ ဆိုင်ကယ်၊ကားနဲ့လက်ကိုင်ဖုန်းတွေကို အဓိကစစ်ဆေးခဲ့တာကြောင့် ဖမ်းဆီးသွားတဲ့ အရပ်သား ၃ ဦးကိုလည်း မသင်္ကာမှုနဲ့ဖမ်းသွားတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာလည်း ဆိုင်းတောင်ကျေးရွာ ငွေလွှဲ၊ငွေထုတ်ဆိုင်မှာ ငွေလာလွှဲနေတဲ့ ဆိုင်းတောင်ရဲစခန်းကုန်းက ဒုရဲအုပ်တစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်အနေနဲ့ တံတားထိပ်မှာ ခုလိုရှောင်တခင်စစ်ဆေးဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း ဆိုင်းတောင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

“ အရင်နေ့ကဖြစ်စဥ်ကြောင့်ထင်တယ် ဒီနေ့ ရုတ်တရက်ဆင်းလာပြီး စစ်ဖမ်းသွားတာ သူတို့ပြန်ပြီးနောက် လက်နက်ကြီးပစ်သံလည်း တစ်ချက် နှစ်ချက်ကြားလိုက်တယ်” လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ စစ်အာဏာသိမ်းနောက်ပိုင်း စစ်ကောင်စီရဲအရာရှိတွေ၊ရဲတပ်သားတွေနဲ့ မီးသတ်ဝန်ထမ်း၊အုပ်ချုပ်ရေးမှူးတွေမကြာခနဖမ်းဆီးခံနေရသလို အရပ်သားတွေဖမ်းခံရမှုလည်း မကြာခနဖြစ်ပွားနေတာဖြစ်ပါတယ်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...