ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးမှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူထားပြီးလို့ဆို

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးမှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူထားပြီးလို့ဆို

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင် စစ်မှုထမ်းဖို့ စာရင်းကောက်ယူမှုများပြုလုပ်ထားပြီဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု (၇၈) အုပ်စု နဲ့  ရပ်ကွက် (၂) ခုမှာ စာရင်းကောက်ယူမှုတွေပြုလုပ်ထားပြီးစီးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

“ အုပ်စု ၇၈ အုပ်စုနဲ့ မြို့ပေါ်ရပ်ကွက် (၂)  နဲ့ဆိုရင် အဲ့တာ အကုန်လုံးကောက်ပါတယ်ခင်ဗျာ့။ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်တဲ့သူ ၂ နှစ်တာ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့သူတွေကို ကောက်ပါတယ်ခင်ဗျာ့။ လဝကမှာ အိမ်ထောင်စု ၆၆ (က) နဲ့ရှိထားပြီးသားဆိုတော့ အဲ့တာကို Print ထုတ်ပြီးတော့ထွက်လာတာပေါ့ဗျာ” လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းဖို့အတွက် တစ်မြို့နယ်ကို တစ်ရာခိုင်နှုန်းခေါ်မယ်လို့   မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပြောဆိုထားပေမယ့် ဘယ်လိုပုံစံခေါ်ယူသွားမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမရှိကြောင်း စစ်မှုထမ်းစာရင်းအတွင်း အကျုံးဝင်သူတစ်ဦး၏ မိဘက ရှမ်းနီအသံကို ပြောပါတယ်။

စာရင်းပေးထားရပေမယ့် အကြောင်းတစ်စုံတစ်ရာ ထူးခြားခြင်းမရှိသေးဘူးလို့ စာရင်းကောက်ယူခံရတဲ့ မိသားစုတွေဆီကနေ သိရပါတယ်။

“ ကျွန်တော်တို့ရွာကတော့ ကျွန်တော့်သားအငယ်ကောင်ပါတယ်။ အကြောင်းမကြားဘူးခင်ဗျာ့။ ကောက်သွားတဲ့ဟာတော့လုပ်သွားတယ်။ အပတ်စဉ် ၁ ကတော့ မပါတော့ဘူးထင်တယ်။ အပတ်စဉ် ၂ ကနေတော့ လာမယ်နဲ့တူပါတယ်။ ” လို့ နောင်ပိုအောင်ကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာနေထိုင်သူ မိဘတစ်ဦးကပြောပါတယ်။

ဟုမ္မလင်းမြို့နယ်  ချင်းတွင်းမြစ်အောက်ဘက်ရှိ ကျေးရွာအုပ်စုတွေမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နယ်ဧရိယာထက်ဝက်ကျော်ကိုလည်း ရှမ်းနီအမျိုးသားများတပ်မတော် SNA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်မှုထမ်းဥပဒေအတွင်းအကျုံးဝင်သူ နှစ်သောင်းရှစ်ထောင်ကျော်ရှိနေတယ်လို့ သိရပါတယ်။

April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...