စင်းခန်းကျေးရွာပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း

စင်းခန်းကျေးရွာပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မ‌တော် KIA  တို့ကအရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့သိရပါတယ်။

စင်းခန်းကျေးရွာ ဟာ ဗန်းမော်မြို့နယ်နဲ့ရွှေကူမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ရွာဖြစ်ပြီး ဒေသခံပြည်သူတွေကို ဧပြီလ ၂၀ ကျော်ကတည်းကနေ အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့ စင်းခန်းကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“နှစ်ဖက်စလုံးကရွေ့ခိုင်းထားတာဟုတ်တယ် KIAဘက်ကလည်းရွေ့ခိုင်းတယ်။ စကစဘက်ကလည်းရွေ့ခိုင်းတယ် ရွေ့ခိုင်းပေမယ့် အားလုံးတော့မရွေ့ဘူး တဝက်လောက်ပဲ ရွေ့သွားတယ်။ တချို့ရှိနေတုန်းပဲ”လို့သူကပြောပါတယ်။

စင်းခန်းဒေသခံတွေကို နှစ်ဖက်တပ်တွေက  ဧပြီ ၂၀ ရက်နေ့ ကစပြီးပြောင်းရွေ့ခိုင်းထားတာဖြစ်‌ပေမယ့် လက်ရှိအ်ိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ထဲက အိမ်ခြေ ၁၀၀ ကျော်လောက်သာပြောင်းရွေ့သွားကြပြီး ထက်ဝက်လောက်ကျန်နေသေးတယ်လို့သိရပါတယ်။

“ဗန်းမော်ဘက်ကိုတော့မရွေ့ကြဘူးအဲ့ဘက်လည်းပစ်နေတာကြီးကိုအခုက ရွှေကူဘက်နဲ့ ဇင်းဘုံရွာ၊ မြလယ်ရွာတွေဘက်ရွေ့ကြတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ စင်းခန်းကျေးရွာထဲမှာ ရဲစခန်း၊ စင်းခန်းချောင်းကူးတံတားဂိတ်အထိုင်တပ်နဲ့ စင်းခန်းကြီးရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ ဥဒေါင်းတောင်ကုန်းပေါ်မှာထိုင်ထားတဲ့တပ် စုစုပေါင်းနေရာ ၄ နေရာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းတပ်တို့ တပ်စွဲထားတယ်လို့သိရပါတယ်။

“ရွာထဲမှာကို သုံးလေး နေရာထိုင်ထားတယ်။ စင်းခန်းတံတားဟိုဘက်ဒီဘက် ထိုင်ထားတယ် မြစ်ကူးတံတားမှာလည်းထိုင်ထားတယ်။ လောလောဆယ်အပြင်တော့မထွက်လာဘူးအထဲမှာပဲနေနေကြတယ်။ ပြည်သူတွေလည်းရွေ့တဲ့လူရွေ့တယ်မရွေ့တဲ့လူမရွေ့ဘူး။ အဲ့မှာက ပျူစောထီး တွေလည်းတော်တော်များတယ် ပျူစောထီး မိသားစုတွေကတော့မရွေ့ကြဘူး”လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။       ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း လက်နက်ခဲယမ်းအပြည့်အစုံနဲ့အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း စင်းခန်းဘက် စစ်ကြောင်းထိုးလာချိန်မှာ ရွှေကူနယ် ငဘတ်ကြီးအနီး KIA၊KPDF၊LPDF ပူးပေါင်းတပ်တွေဘက်ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အထိနာပြီး ရွှေကူမြို့တွင်းတပ်ထဲပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ စင်းခန်းချောင်းအောက်ဘက် စင်းခန်းကျေးရွာနဲ့တဆက်တည်းရှိနေတဲ့ မံစီနယ်ထဲကစစ်ကောင်စီရဲ့ စီခမ်းကြီးဗျူဟာကုန်းကို KIA ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Most read this week

December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...
Photo credit - CJ
December 8, 2025
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...