KIA သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်း ခိုင်မာစေဖို့ တတ်သိလူငယ်အများအပြား လိုအပ်နေတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ပြော

KIA သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်း ခိုင်မာစေဖို့ တတ်သိလူငယ်အများအပြား လိုအပ်နေတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ပြော
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ကျင်းပတဲ့ စည်းဝေးမှာ KIC ဒုတိယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ဂွန်မော်က အွန်လိုင်းကနေ တစ်ဆင့်ပြောဆိုခဲ့တဲ့ မြင်ကွင်း
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ကျင်းပတဲ့ စည်းဝေးမှာ KIC ဒုတိယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ဂွန်မော်က အွန်လိုင်းကနေ တစ်ဆင့်ပြောဆိုခဲ့တဲ့ မြင်ကွင်း

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းခိုင်မာစေဖို့ တတ်သိလူငယ်အများအပြား လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ကျင်းပတဲ့ ကချင်လူထုစည်းဝေးပွဲတစ်ခုမှာ ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် က ပြောဆိုခဲ့ပါတယ်။

မတ်လ ၇ ရက်နေ့ စတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်း အရှိန်မြင့်လာခဲ့ရာ အခုဆိုရင် တစ်လကျော်ရှိလာပြီ ဖြစ်ပါတယ်။

စစ်ဆင်ရေးကာလတစ်လျှောက် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမြို့အပါအဝင် ဆယ်စုနှစ်တစ်စု တပ်စွဲခဲ့တဲ့ ဗျူဟာမြောက်စခန်းအများအပြားအပါအဝင် စစ်တပ်စခန်းပေါင်း ၇၀ ဝန်းကျင်ကို သိမ်းပိုက်ခဲ့ပါတယ်။

ခေတ်အဆက်ဆက် ကမ္ဘာသမိုင်းတွေကို ကြည့်တဲ့အခါတွေမှာလည်း နိုင်ငံတစ်နိုင်ငံအနေနဲ့ ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခု ကောင်းမွန်တဲ့အရွေ့တစ်ခုကို ရောက်ရှိဖို့အတွက် လူငယ်တွေရဲ့ ပါဝင်အားဖြည့်ပေးမှုတွေက အလွန်ကိုအရေးပါတဲ့နေရာတွေမှာ ရှိနေတာကို မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ရော ဗိုလ်ချုပ်ဂွန်မော်ရဲ့ ဖိတ်ခေါ်ချက်အပေါ် ဘယ်လိုရှု့မြင်နေကြပါသလဲ။ ဒါ့အပြင် လူငယ်တွေအနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုအားဖြည့်ကူညီသင့်လဲဆိုတာတွေနဲ့ပက်သက်ပြီး ကချင်လူငယ်တွေနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေရဲ့ အမြင်ကို KNG သတင်းဌာနက စုစည်းမေးမြန်းတင်ဆက်ထားပါတယ်။

မြစ်ကြီးနားမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ကချင်လူငယ်တစ်ဦး

 “လူငယ်တွေရဲ့ ပါဝင်မှုလျှော့နည်းလာမယ်ဆိုရင် အခုကျွန်တော်တို့ ရထားတဲ့ ရလဒ်ကပြောင်းပြန်ဖြစ်သွားနိုင်တယ်လို့ ကျွန်တော်ကတော့ လိုရင်းတိုရှင်းတိုက်ရိုက်ပြောချင်တယ်။ အခုရဲ့ နိုင်ငံရေး အခြေအနေက အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အရာ မထင်ခဲ့ဘူး  ဒါပေမယ့် အခုမြန်မာနိုင်ငံရေး ကပြောင်းလဲနေပြီ ဆိုတော့ အားလုံးပါဝင်ဖို့ပေါ့ နိုင်ငံခြားကိုရှောင်ပြေးမယ်ဆိုရင်လည်း ဘယ်လောက်ထိရှောင်ပြေးနိုင်မှာလဲ ဆိုတာကို သိစေချင်တယ် နိုင်ငံခြားသွားမယ့်ဘက်ကိုဘဲ အားထုတ်နေတာမျိုးမလုပ်ဘဲ အားလုံးစည်းစည်းလုံးလုံးနဲ့ ပါဝင်အားဖြည့်လာရင်တော့ စစ်တိုက်စရာတောင်မလိုဘဲ အနိုင်ရနိုင်တဲ့ အခြေအနေဖြစ်လာနိုင်တယ်ဆိုတာ လူငယ်တွေကို သိစေချင်တယ်။ ပြီးတော့ အသက်၃၀ကျော်လာရင်တော့ လူငယ်တုန်းကလို စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ ဘူး အဲဒါကြောင့်မို့လို့ ကိုယ် မှာ အင်အားရှိနေတဲ့ အချိန်အားလုံးပါဝင်အားဖြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်”

နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ ကချင်လူငယ်အမျိုးသမီးတစ်ဦး

“အခုအချိန်အခါမှာက စစ်ကောင်စီရဲ့ တပ်စခန်းတော်တော်များများကို သိမ်းပိုက်ရရှိလာတာကိုလည်း မြင်ရတယ်။ ဒါအပြင် လူငယ်တွေရဲ့ ပါဝင်အားဖြည့်မှုလည်း အရမ်းအရေးကြီးတယ်လို့ မြင်တယ် နောက်မျိုးဆက်ကို လက်ဆင့်ကမ်းဖို့ လူငယ်တွေဘဲ လုပ်ရမှာဆိုတော့ လူငယ်တွေ မပါဝင်လို့ ရှိရင်ဒီတော်လှန်ရေးလည်း ရှေ့ဆက်တိုးဖို့ ခက်လာမယ်လို့ မြင်တယ်။ ဘယ်လိုပါဝင်ရမလဲ ဆိုတော့ ကိုယ်တက်နိုင်တဲ့ ဘက်ကနေ ပါဝင်ဖို့လိုတယ် ကိုယ်က စစ်တိုက်တဲ့နေရာအားဖြည့်ပေးမလား ဒါမှမဟုတ် ဆေးကုတဲ့နေရာမှာ ကူညီမလား ပညာရေးလား အားလုံး ပါဝင်အားဖြည့်လို့ ရတယ်။ လူငယ်တွေအနေနဲ့ ကြိုက်တဲ့ နေရာကဏ္ဍကနေပါဝင်လို့ရတယ် နိုင်ငံခြားကလူတွေအနေနဲ့လည်း စိတ်မလျှော့ဘဲနဲ့ တက်နိုင်တဲ့ ဘက်ကနေ ပါဝင်အားဖြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်”

နိုင်ငံခြား ပညာသင်ကြားနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ကချင်လူငယ်တစ်ဦး

“ကျွန်တော်တို့ သတင်းတွေမှာလည်း သိနေမြင်နေရတယ်ပေါ့နော စစ်ကောင်စီရဲ့ တပ်စခန်းတော်တော်များများကို တော်လှန်းရေးတပ်တွေဘက်က သိမ်းပိုက်ရရှိထားတွေရှိလာတော့ ကျွန်တော်တို့ရဲ့ အောင်နိုင်မှုလည်း မကြာခင်ရရှိတော့မယ်လို့ မြင်မိပါတယ်။ တစ်ဖက်မှာလည်း လူငယ်တွေရဲ့ အခန်းကဏ္ဋတွေလည်း အရမ်းအရေးကြီးလာနေပြီ လူငယ်တွေကဘဲ ဆိုရှယ်မီဒီယာတွေနဲ့ ထိတွေ့မှုပိုရှိတယ် ခေတ်ပညာတွေကိုလည်း ပိုပြီးမှ သိတယ် အဲအတွက်ကြောင့်မို့လို့ စစ်ကောင်စီဘက်က လေယာဉ်နဲ့လာတိုက်ခိုက်ကြတဲ့ အချိန်တွေကြရင်ဘယ်လို့ ကာကွယ်မလဲ ဆိုတဲ့ အရာတွေ အသိပညာပေး လို့ရတယ် ပြီးတော့ ရွာတွေကိုပြန်လည်ထူထောင်တဲ့ အခါမျိုးတွေမှာလည်း ကျန်းမာရေး ၊ ပညာရေး စတဲ့နေရာတွေကနေလည်း ပါဝင်အားဖြည့်ပေးနိုင်တယ်လို့ ကျွန်တော့်ရဲ့ အမြင်ကိုပြောချင်ပါတယ်”

မြစ်ကြီးနားမြို့က တက်ကြွလှုပ်ရှားတဲ့ ကချင်လူငယ်အမျိုးသမီး

“လက်ရှိအချိန်အခါက လူငယ်တွေအတွက် အရမ်းကို အရေးကြီးတဲ့ အချိန်ဖြစ်တယ်လို့ မြင်တယ် ရှေ့တန်းကို သွားရမယ့်သူတွေလည်းရှိသလို မြို့ပေါ်မှာ ရှိတဲ့ သူတွေလည်း ကိုယ်လုပ်ရမယ့်အလုပ်တွေကို သေချာလုပ်ဖို့လိုတယ်။ တိုင်းပြည်ပြန်တည်ဆောက်တဲံ အချိန်လည်း အဆင်သင့် ဖြစ်ဖို့လိုတယ် ။ ပြီးတော့ လူငယ်တွေက စစ်တိုက်မဲ့လူတွေ ကျောင်းဆရာတွေ ဆေးဝါးကျွမ်းကျင်တွေ အင်ဂျင်နီယာတွေအကုန်ရှိတယ် အားလုံးအားဖြည့်ဖို့လိုတယ် တကယ်လို့ ပါဝင်အားဖြည့်တာတွေလျှော့နည်းလာရင်တော့ ပန်းတိုင်ကိုလည်းရောက်သင့်သလောက် သေချာမရောက်ဘဲ ခက်ခဲလာမယ်လို့ မြင်မိတယ် ဒါကြောင့် လူငယ်တွေအနေနဲ့လည်း တက်နိုင်တဲ့ ဘက်ကပါဝင်ကြပါလို့ ပြောချင်ပါတယ်”

 ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး

“အခုအချိန်မှာ ကျွန်တော်လို့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတွေက  ကျွန်တော်တို့ ဒေသကနေရာတော်တော်များများကို ရယူနိုင်ပြီ ရာခိုင်နှုန်းအနေနဲ့ဆို ၆၀လောက်လို့ ပြောလို့ရတယ် မရယူနိုင်သေးတာက မြို့ကြီးတွေဘဲ ကျန်တော့တယ် တာမယ့်လည်း စကစဘက်ကလည်း မြို့တွေကို ကာကွယ်နေတဲ့ အတွက်အကုန်လုံး ရယူနိုင်ပြီလိုတော့ ပြောလို့မရသေးဘူး ဒါကြောင့်မို့ လူငယ်တွေတွေးရမှာက ပါဝင်လို့ရမယ့်နေရာ ပါဝင်နိုင်မယ့်နည်းလမ်းကို စဉ်းစားတတ်ရမယ် စစ်ရေးစိတ်ဝင်စားတဲ့ သူစစ်တိုက်တဲ့နေရာကို ပါဝင် ဆေးဝါး ပညာရေး စတဲ့ ကဏ္ဋအသီးသီးမှာ ပါဝင်ကြဖို့ပေါ့ လူငယ်တွေမပါဝင်လို့ ရှိရင်အားနည်းလာမယ့် ကိုယ်သမိုင်းကိုယ်ရေးတဲ့ အချိန်နေရာမရတာတွေ ဖြစ်လာနိုင်တယ် လူကြီးအုပ်ချုပ်တဲ့ သူတွေအနေနဲ့လည်း လူငယ်တွေပါဝင်လာနိုင်အောင် လမ်းဖွင့်ပေးဖို့ ဆွဲခေါ်ပေးဖို့လိုတယ် လျှော့သွားတဲ့ ဖက်မဟုတ်ဘဲ ပိုများလာတဲ့ ဖက်ဖြစ်လာရင်တော့ အလုပ်လုပ်တဲ့ အချိန်တွေမှာလည်း ပို တွင်ကျယ်လာမယ်လို့ မြင်မိပါတယ်”

May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...
May 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို...
May 1, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့...
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ
April 29, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က...