စစ်တပ်ကဖမ်းဆီးသွားတဲ့ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးလွတ်မြောက်လာ

စစ်တပ်ကဖမ်းဆီးသွားတဲ့ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးလွတ်မြောက်လာ
လွတ်မြောက်လာပြီဖြစ်တဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး၊ PCGအဖွဲ့များအားတွေ့ရစဉ် (Crd- မော်ဖောင်းနှစ်ခြင်းအသင်းတော်)
လွတ်မြောက်လာပြီဖြစ်တဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး၊ PCGအဖွဲ့များအားတွေ့ရစဉ် (Crd- မော်ဖောင်းနှစ်ခြင်းအသင်းတော်)

မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး လွတ်မြောက်လာပြီလို့ အသင်းတော်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။

ဧပြီ ၂၂ ရက် မနေ့ည ၇ နာရီလောက်မှာ ဖမ်းဆီးခံရတဲ့ ဘာသာရေးအမှုတော်ဆောင် ဆရာ ၃ ဦးနဲ့အတူ ကျောင်းစောင့် ၂ ဦး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အာမခံချက်နဲ့ လွတ်လာပြီဖြစ်တယ်လို့ မော်ဖောင်းရွာ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“မနေ့ည PCG ကတာဝန်ရှိသူတွေကိုယ်တိုင် ဘုရားကျောင်းဝင်းထိ လာပို့ပြီ အားလုံးလွတ်မြောက်ပြီ။ ဖမ်းထားတဲ့အချိန် စစ်ဆေးရာမှလည်း ခြေပါ၊လက်ပါ မလုပ်ဘူးတဲ့။ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွတ်လာတာပေါ့။ PCG ကနေမှ အာမခံချက်ပေးပြီး လွတ်မြောက်လာပြီ”ဟု နီးစပ်သူအသင်းသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ည ၁၀ နာခွဲဝန်းကျင် KBC နှစ်ခြင်းခရစ်ယန်ဘုရားထဲမှာရှိနေတဲ့ သင်းအုပ်နဲ့အတူ အမှုတော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးနဲ့ ကတ်သလစ်အသင်းတော်ဘုရားကျောင်းက တရားဟောဆရာနဲ့အတူ နောက်ထပ် ကျောင်းစောင့် ၁ ဦး၊ စုစုပေါင်း ၅ ဦး ကို စစ်တပ်ကဖမ်းခေါ်သွားတာဖြစ်ပါတယ်။

အဲဒီနောက် ၂ ရက်အကြာမှာတော့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ ကြားဝင် ညှိနှိုင်း အာမခံပေးမှုဖြင့် အမှုတော်ဆောင် ၃ ဦးနဲ့ အတူဘုရားကျောင်းစောင့် ၂ ဦး လုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

ဖမ်းခေါ်ခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က မြစ်ကြီးနား မြောက်ပိုင်း တိုင်း လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းစစ်ဆေးစရာရှိတာကြောင့် ဖမ်းခေါ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ကိုက ဟိုတစ်နေ့က လေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခံရတာနဲ့ပတ်သက်ပြီး မေးမြန်းစရာရှိတာကြောင့် ဖမ်းခေါ်သွားတာဖြစ်တယ်။ ဟိုဘက်မှာ စစ်ဆေးတဲ့အခါမှာလည်း ဖုန်းတွေစစ်ဆေးတယ်။ မေးမြန်းတယ်။ လူကို အတင်းအဓ္ဓမ ခြေပါလက်ပါမျိုးတွေ စစ်ဆေးတာတော့မရှိဘူးပြောတယ်။ အခုတော့ နောက်လည်းမဖြစ်လာနိုင်ဘူးလို့မပြောနိုင်ဘူး။ ရွာသားတွေတော့ အပြစ်ဘာမှမလုပ်လဲ သတိနဲ့တော့ နေကြရမှာပေါ့လေ။”ဟု သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစပြီး မြစ်ကြီးနား စစ်ကောင်စီလေတပ်စခန်း မကြာခဏ တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြစ်ကြီးနား မြောက်ပိုင်းတိုင်း နန့်ပေါင်လေတပ်စခန်းနဲ့ အနီးဆုံးမှာရှိနေတဲ့ မော်ဖောင်း ကျေးရွာဒေသခံတွေဟာ စစ်ရေးအခြေအနေတစ်ခုခုဖြစ်လာတိုင်း စစ်တပ်ရဲ့ ဝင်ရောက် ဖမ်းခေါ်စစ်ဆေးခြင်း မကြာခဏကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

Most read this week

December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...
Photo credit - CJ
December 8, 2025
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...