မြစ်ကြီးနားအကျဉ်းထောင်ဆူပူမှုဖြစ်ပြီးအကျဉ်းသား ၄ ဦးသေဆုံး၊ ၁၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်

မြစ်ကြီးနားအကျဉ်းထောင်ဆူပူမှုဖြစ်ပြီးအကျဉ်းသား ၄ ဦးသေဆုံး၊ ၁၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဉ်းထောင်မှာဆူပူမှုဖြစ်ပြီး အကျဉ်းသား ၄ ဦးသေဆုံးကာ နောက်ထပ် ၁၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။

ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ စတင်ဖြစ်ခဲ့တာဖြစ်ပြီး ထောင်ဆူပူမှုကိုသေနတ်ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် အကျဉ်းသား ၄ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိသေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို မြစ်ကြီးနားဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

“ဆူပူမှုကဘယ်လိုစဖြစ်တာလဲဆိုတာတော့ မသိရဘူး။ ဒါပေမယ့် ဆူပူမှုနှိမ်နှင်းချိန်အကျဉ်းသား ၄ ယောက်သေတယ် နောက်ထပ် ၁၂ ယောက်ဒဏ်ရာရတယ် ခုအားလုံးကို မြစ်ကြီးနားဆေးရုံကိုပို့လိုက်ကြပြီ” လို့ ပြောပါတယ်။

အကျဉ်းထောင်အနီးပတ်ဝန်းကျင်မှာနေထိုင်တွေပြောတာကတော့ ညနေ ၄ နာရီဝန်းကျင်ထောင်ဲမှာသံချောင်းခေါက်ပြီး ဒို့အရေးကြွေးကြော်နေတဲ့အသံကြားရပြီးနောက် တစ်ဆက်တည်းမှာဘဲ သေနတ်ပစ်သံ အချက် ၅၀ ထက်မနည်းကြားရတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ချို့ပြောတာကတော့ ထောင်ဆူပူမှုဖြစ်တာဟာ ဧပြီလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်တပ်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ မြစ်ကြီးနားအကျဉ်းထောင်က ၄၂ ဦးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...