NLD ဝန်ကြီး ၂ ဦး ထပ်မံလွတ်မြောက်

NLD ဝန်ကြီး ၂ ဦး ထပ်မံလွတ်မြောက်

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၊ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဇော်ဝင်း နဲ့ လူမူရေးဝန်ကြီး ဦးနေဝင်း ဒီကနေ့ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

ဝန်ကြီး ဦးနေဝင်း နဲ့ ဝန်ကြီး ဦးဇော်ဝင်းတို့ဟာ ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြစ်ကြီးနားအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ ကချင်ပြည်နယ်( NLD) အစိုးရအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူဟောင်းတစ်ဦးက KNG ကို အတည်ပြုထားပါတယ်။

''ဟုတ်ကဲ့ လူမှုရေးဝန်ကြီးနဲ့ လဝက ဝန်ကြီးပြန်လွတ်လာပါတယ် ကျန်းမာရေးတွေလည်းကောင်းကြပါတယ်ဗျ'' လို့ သူက ပြောပါတယ်။

လွတ်မြောက်လာတဲ့ ပြည်နယ်ဝန်ကြီး ၂ဦးဟာ စစ်ကောင်စီတပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေဖြစ်ပြီး လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းမြစ် ဝန်ကြီး ဦးဇော်ဝင်းကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဧပြီလမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဧပြီလ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ် စည်ပင်ဝန်ကြီးဦးနော်လီ နှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့ လွတ်ရက်စေ့သဖြင့် လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ စပ်လျဥ်းပြီး စစ်ကောင်စီတပ်က အာဏာသိမ်းကာ ထိန်းသိမ်းခဲ့သူတွေထဲက ကချင်ပြည်နယ် ဝန်းကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီး ဦးဒါရှိလဆိုင်း၊ ဦးဝေလင်းတို့အပြင် ပါတီအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါ်သက်ထားနှောင်း၊ မျိုးကျော်တို့ အကျဥ်းထောင်အသီးသီးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ စစ်တပ်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ် ဆမ်ဆွန် လည်းလွတ်မြောက်လာပြီ ဖြစ်ပါတယ်။

Kachin News Group၊ ဧပြီ ၁၈ ရက်

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...