စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် နန်းယွန်းမြို့နယ်မှာ ရာထူးကနေနုတ်ထွက်တဲ့အုပ်ချုပ်ရေးမှူးများလာ

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် နန်းယွန်းမြို့နယ်မှာ ရာထူးကနေနုတ်ထွက်တဲ့အုပ်ချုပ်ရေးမှူးများလာ

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်က စစ်မှုထမ်းဥပေဒထုတ်ပြန်လိုက်တဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာထူးကနေနုတ်ထွက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးစာရေးတွေများလာတယ်လို့ နန်းယွန်းဒေသခံတွေကနေ သိရပါတယ်။

နန်းယွန်းမြို့ပေါ်  ရပ်ကွက် ၄ ခုက အုပ်ချုပ်ရေးမှူးတွေနဲ့မြို့နဲ့နီးတဲ့ကျေးရွာတွေထဲက အုပ်ချုပ်ရေးမှူးတွေအပါအဝင် ရပ်ကျေးစာရေးအများပိုင်း ကျန်းမာရေးအကြောင်းပြပြီးနုတ်ထွက်စာတင်ပြီး ရာထူးကနေနုတ်ထွက်သွားကြတယ်လို့နန်းယွန်းမြို့နယ်ထွေအုပ်ရုံးနဲ့နီးစပ်တဲ့အမျိူးသားတစ်ဦးက KNG ကိုပြောပါတယ်။

“သူတို့နုတ်ထွက်တာမကြာသေးဘူး အခုစစ်မှုထမ်းဥဒေထုတ်ပြန်ပြီးနောက်ပဲ နုတ်ထွက်သွားကြတာ။ ဒီမြို့ပေါ်လေးရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးတွေရယ် ကြိုင်ရိုင်ရွာထဲအုပ်ကြီးရယ် ပြီးတော့ကျေးရွာလည်းပါတယ်အများပိုင်းတော့ကျန်းမာရေးအကြောင်းပြပြီးနုတ်ထွက်စာတင်သွားကြတယ်”လို့ ပြောပါတယ်။

လက်ရှိနုတ်ထွက်သွားကြတဲ့သူတွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက်၊ယူးဝ ရပ်ကွက်၊ ရှားရရပ်ကွက်၊ရော်ကော့ရပ်ကွက်၊ ကြိုင်ရိုင်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးစာရေးတွေ တွေအပါစုစုပေါင်း ၁၀ ဦးထက်မနည်းနုတ်ထွက်သွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်စစ်မှုထမ်းဖို့အကျုံးဝင်သူတွေရဲ့စာရင်းအချက်အလက်တွေကောက်ယူရာမှာ စစ်တပ်ဘက်က အုပ်ချုပ်ရေးမှူးတွေကိုဖိအားပေးစေခိုင်းတာမျိုးရှိနေချိန် တစ်ဖက်မှာလည်းစစ်မှုထမ်းဥပဒေကိုမြေပြင်မှာအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အုပ်ချုပ်ရေးမှူးတွေ ခြိမ်းခြောက်သတ်ဖြတ်ခံရတာတွေရှိနေတာကြောင့် နုတ်ထွက်သွားကြတာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ပြောဆိုပါတယ်။

“နန်းယွန်းမြို့မှာတော့အခုလောလောဆယ်ထိအုပ်ချုပ်ရေးမှူးတွေခြိမ်းခြောက်ခံရတာမျိုး တွေစာထုတ်ပြီးသတိပေးခံရတာမျိုးတွေတော့ မရှိဘူး ဒါပေမယ့်သူတို့အတွင်းထဲမှာ ဘယ်လိုရှိတယ်ဆိုတာတော့အသေးစိတ်မသိနိုင်ဘူးလေနော် NSCNK ကတော့ စစ်ကောင်စီကိုသတိပေးတာမျိုးတွေရှိတယ် ဘာကြောင့်အုပ်ချုပ်ရေးမှူး တွေတပြိုင်တည်းနုတ်ထွက်ကြလဲတော့အသေအချာပြောလို့မရဘူး လဟယ်နယ်ဘက်တွေမှာတော့အုပ်ကြီးတွေကို PDF ကသတိပေးတာမျိုးတွေရှိနေတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေမဆောင်ရွက်ဖို့ နာဂလက်နက်ကိုင် အဖွဲ့ NSCN-K ကတားမြစ်ထုတ်ပြန်တာမျိုးရှိခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးတွေကိုသတိပေး ခြိမ်းခြောက်ထုတ်တာမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်။

လက်ရှိအချိန်ထိနန်းယွန်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေနဲ့ရပ်ကျေးစာရေးတွေ သတိပေးတာ၊ခြိမ်းခြောက်ခံရတာမျိုးမရှိသေးပေမယ့် နန်းယွန်းမြို့နယ်နဲ့နီးတဲ့ လဟယ်၊ ခန္တီး နဲ့လေရှီးမြို့နယ်တွေထဲမှာတော့ အုပ်ချုပ်ရေးမှူးတွေကို နာဂ PDFအဖွဲ့တွေက သတိပေးစာထုတ်ပြန်တာမျိုးရှိခဲ့ပါတယ်။

ဒါ့အပြင် နာဂဒေသထဲက ကူကီးကျေးရွာထဲမှာလည်း မတ်လ ၂၆ ရက်နေ့က အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ စာရေးနှစ်ဦး စစ်မှူထမ်းဥပဒေအတွက်စာရင်းကောက်ယူနေတာကြောင့် ဒေသခံတွေကဝိုင်းဝန်း ရိုက်နက်တာမျိုးရှိခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီရဲ့စေခိုင်းမှုကြောင့် နာမည်စာရင်းလိုက်လံ ကောက်ယူနေတဲ့အုပ်ချုပ်ရေးမှူးတွေ အခြားနေရာဒေသတွေမှာ သတ်ဖြတ်ခံရတာမျိုးရှိလာနေသလို ရာထူးရာကနေ နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေလည်းအများအပြားရှိနေပါတယ်။

Most read this week

May 1, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့...
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ
April 29, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က...
ဖေဖော်ဝါရီ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်း ရွာက ဆေးရုံဆေးခန်း
April 29, 2024
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့်...
April 24, 2024
ဖားကန့်မြို့ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ည ၁၂...