ရခိုင်နှင့် ချင်းလူထုတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေး AA နှင့် လက်တွဲမည်ဟု ချင်းညီနောင်အဖွဲ့ ဆို

ရခိုင်နှင့် ချင်းလူထုတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေး AA နှင့် လက်တွဲမည်ဟု ချင်းညီနောင်အဖွဲ့ ဆို

ရခိုင်နှင့် ချင်းပြည်သူလူထုတို့၏ အကျိုးစီးပွားကို အပြန်အလှန် စောင့်ရှောက်ကူညီရေးတို့အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သော ရက္ခိုင့်တပ်တော် (AA) ၏ ၁၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ချင်းညီနောင်အဖွဲ့မှ သဝဏ်လွှာ ပေးပို့ရာတွင် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းပြီး အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးတို့အပြင် ရခိုင်ပြည်သူလူထုနှင့် ချင်းပြည်သူလူထုတို့၏ အကျိုးစီးပွားတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေးတို့အတွက် AA နှင့် လက်တွဲပြီး မိမိတို့ ပန်းတိုင်ရောက်ရှိသည်အထိ အတူချီတက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်က ဆိုသည်။

AA ၏ ၁၅ နှစ်တိုင်တိုင် အခက်အခဲ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရက္ခိတလမ်းစဉ်အတိုင်း ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့ သည့်အတွက် ချင်းညီနောင်အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိသည်ဟု ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်၏ ၁၅ နှစ်ပြည့်သော နှစ်သည် နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များကို သိသာထင်းရှာစွာ အကောင်အထည် ဖော်နိုင်ခဲ့သော နှစ်ဖြစ်၍ ရခိုင်ပြည်သူတရပ်လုံး၏ မဆုတ်မနစ် ကြိုးပမ်းမှုများနှင့် AA ၏ ဦးဆောင်မှုများကို မှတ်ကျောက်တင် နိုင်ခဲ့သော နှစ်လည်းဖြစ်ကြောင်း ချင်းညီနောင်က ဂုဏ်ပြုထားသည်။

ရခိုင်ပြည်သူနှင့် ရက္ခိုင့်တပ်တော်တို့၏ အိမ်ပြန်ခရီး စစ်ဆင်ရေးကြီးများသည် ချင်းညီနောင်အပါအဝင် မြန်မာလူထုတရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြီးစွာသော အထောက်အပံ့နှင့် မျှော်လင့်ချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်နှင့် ရခိုင်ပြည်သူတို့ လိုလားသော နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ချင်းညီနောင်အဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ချင်းညီနောင်အဖွဲ့တွင် ဇိုမီဖက်ဒရယ်အစည်းအရုံး/ PDF Zoland ၊ ချင်းအမျိုးသားအဖွဲ့ချုပ်/ CNDF ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)/ CDF - မင်းတပ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ MDF ၊ CDF - ကန်ပက်လက်နှင့် CDF - မတူပီ၊ တပ်မဟာ - ၁ တို့ပါဝင်သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...