ဝိုင်းမော်မြို့မှာ စစ်ရှောင်အိမ်ထောင်စု (၅၀၀) နီးပါးနေနိုင်မယ့် အဆောက်အဦမြေနေရာအသစ် တည်ဆောက်နေ

ဝိုင်းမော်မြို့မှာ စစ်ရှောင်အိမ်ထောင်စု (၅၀၀) နီးပါးနေနိုင်မယ့် အဆောက်အဦမြေနေရာအသစ် တည်ဆောက်နေ
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ

မြစ်ကြီးနားမြို့နယ် နဲ့  ဝိုင်းမော်မြို့အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူများကို တစ်နေရာတည်းတစ်စုတစ်စည်း ခိုလှုံနိုင်ဖို့အတွက် ဆောက်အဦးမြေနေရာအသစ်တစ်ခု တည်ဆောက်နေတယ်လို့ စစ်ရှောင်ကူညီနေသူများထံမှ သိရပါတယ်။

“ စစ်ရှောင်တွေကို တစ်နေရာတည်းမှာနေနိုင်ဖို့အတွက် ကျွန်တော်တို့အဆောက်အဦးတွေဆောက်တော့မယ်  အခုဟာကနေရာတွေများတော့ ထောက်ပံ့ရေးလာတဲ့သူတွေလည်း အားလုံးကိုမထောက်ပံ့ပေးနိုင်ဘူးလေ တစ်ချို့နေရာရောက် တစ်ချို့နေရာမရောက်ဘူးဆိုတော့ စစ်ရှောင်တွေကအခွင့်အရေးကွာခြားနေတာပေါ့လေ’ဟု စစ်ဘေးရှောင်များအား ကူညီနေသူ ဝိုင်းမော်သားတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီအဆောက်အဦးအသစ်တွေမှာ အိမ်ထောင်စု (၅၀၀)နီးပါး နေထိုင်နိုင်ရန်စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး ဝိုင်းမော်အမှတ်(၁၅) ၊လမ်းသွယ်(၁၅)ရှိ ကျေးရွာအစပ် လယ်ကွက်တွေပေါ်  တည်ဆောက်ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ္စည်းလိုအပ်မှုများနေတဲ့အတွက်ကြောင့် နေထိုင်နိုင်ရန် အချိန်ကြာမြင့်ဦးမှာဖြစ်ပြီး  စတင်စစ်ဘေးတိမ်းရှောင်ခဲ့တဲ့ ဒီဇင်ဘာလလယ်ကနေ ယခုလ သုံးလကျော်အချိန်ထိ ဝိုင်းမော်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများက ခိုလှုံခွင့်ပေးထားတာလည်း ဖြစ်ပါတယ်။

ဝိုင်းမော်မြို့ကို စစ်ရှောင်လာသူအများစုက တာလောကြီးတိုက်နယ်အတွင်းရှိ တာလောကြီးကျေးရွာအပါအဝင် ရွှေညောင်ပင်ကျေးရွာ၊ အောင်မြေ(၂)ကျေးရွာ၊ အင်းလေးကျေးရွာရှိ ဒေသခံများဖြစ်ကြကြောင်း ကူညီကယ်ဆယ်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်း စစ်ဘေးရှောင်သူတွေဟာ အနည်းဆုံး ၄ ထောင်ဝန်းကျင်မှာရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

မတ်လ(၇)ရက်နေ့ကနေ ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က စတင်ထိုးစစ်ဆင်စတင်ခဲ့တဲ့အချိန်ကစပြီး (၁၀)မြို့နယ်အတွင်းက လူဦးရေ(၁၈၀၀၀)ကျော်ဟာ စစ်ဘေးတိိမ်းရှောင်နေကြရတယ်လို့ UNOCHA Myanmar ကလည်း  ထုတ်ပြန်ပြောဆိုထားပါသေးတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...