ဗန်းမော် နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်လို့ ရွာပေါင်း ၂၀ ကျော်က ပြည်သူတွေ စားသောက်ကုန်သယ်ယူဖို့ခက်ခဲနေ

ဗန်းမော် နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်လို့ ရွာပေါင်း ၂၀ ကျော်က ပြည်သူတွေ စားသောက်ကုန်သယ်ယူဖို့ခက်ခဲနေ
ဗန်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေက ခရီးသွားတဲ့ ပြည်သူတွေကို စစ်ရေးတင်းကြပ်နေ
ဗန်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေက ခရီးသွားတဲ့ ပြည်သူတွေကို စစ်ရေးတင်းကြပ်နေ

စစ်ကောင်စီတပ်စွဲထားတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့က နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေ စားသောက်ကုန်တွေနဲ့ စက်သုံးဆီသယ်ယူခွင့် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဆေးရေးတင်းကျပ်တာဟာ ဒီနှစ် ၁လပိုင်းလောက်ကနေ စခဲ့တာ ဖြစ်ပေမဲ့ လက်ရှိမှာတော့ ပိုမိုတင်းကျပ်လာတဲ့အနေအထားမှာ ရှိနေတယ်လို့ ဗန်းမော်မြို့နယ် ကျွဲချိုကျေးရွာက ဒေသခံအမျိုးသားတစ်ယောက်က  KNG ကိုပြောပါတယ်။

“သူတို့ကဒီ ကုန်ခြောက် စားနပ်ရိက္ခာတွေကို မသယ်ခိုင်းဘူးပေါ့၊ အဓိကကတော့ ဒီပွိုင့်ဖိနပ်တွေ၊ ခေါက်ဆွဲခြောက်တွေကို လုံးဝကိုသယ်ခိုင်းဘူး၊ ခေါက်ဆွဲဖာတွေဆိုရင် ၃ဖာသယ်လာပြီဆိုရင် တစ်ဖာဘဲ သယ်ခွင့်ရှိတယ်၊ သူတို့က မိသားစု သုံးဖို့အတွက်သာ ခွင့်ပြုချက်ပေးထားတာပေါ့၊ လိုက်မနာဘူးဆိုရင်လည်း အကုန်ပြန်သိမ်းသွားတယ်”

စစ်တပ်ဂိတ်ဘက်က စားသောက်ကုန်၊ ဆေးဝါးတွေ သယ်ယူခွင့်ကို လိုတာထက်ပိုပြီး ပိတ်ပင်နေတာဟာ အထူးသဖြင့်တစ်ခြားအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့မှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့ စားသောက်ကုန်၊ စက်သုံးဆီ ဝယ်ယူရာမှာ အခက်အခဲ ဖြစ်နေတဲ့အပြင် နိုင်ငံရေးအခြေအနေ မကောင်းတာကြောင့် လမ်းပိုင်းတွေမှာ အစစ်အဆေးများတဲ့အတွက် သွားရေးလာရေး မှာလည်း အခက်အခဲကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။

“အဓိက ကျွန်တော်တို့က တောင်သူတွေဆိုတော့ မြေဩဇာ၊ မြေဆီတွေထည့်ဖို့၊ မြေပဲတို့၊ ဒီဇယ်တို့၊ ဓာတ်ဆီတို့ ဝယ်တဲ့နေရာမှာ လုပ်ရကိုင်ရမဲ့ နေရာမှာ တအားကို ခက်ခဲတာ၊ ဒါကျွန်တော် နိုင်ငံရေးအခြေအနေ မကောင်းတော့ သွားလို့လည်းမရဘူး၊ သွားပြီဆိုရင်လည်း စစ်တယ် မေးတယ်၊ မြန်းတယ်၊ အခန့်မသင့်ရင် ရိုက်ချင်ရိုက်လိုက်မှာပေါ့ အဲ့တာကိုပြည်သူတွေက ကြောက်နေကြတာပေါ့”

အခုလိုအခြေအနေတွေကြောင့် ကျေးရွာကနေသွားရေလာရေးအတွက် မနက် ၆နာရီ၊ ည၆ နာရီ သတ်မှတ်ပေးထားပေမဲ့ လမ်းပိုင်းအခြေအနေတွေကို စောင့်ကြည့်ပြီးမှ သွားလာရတာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့အချိန်အတွင်း မရောက်နိုင်မှာကိုလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲ့ဒီကျေးရွာတွေမှာ စားသောက်ကုန်ပျက်လက်တာတွေရှိနေတဲ့အပြင် သွားရေးလာရေး အခက်အခဲတွေကြောင့် ရပ်ရွာအတွင်း ဈေးဆိုင်တွေမှာဘဲ ဈေးကြီးပေးဝယ် စားနေရကြတယ်လို့ ဆိုပါတယ်။

နမ့်ဖားဂိတ်မှာ စားသောက်ကုန် သယ်ယူခွင့် တင်းကြပ်မှုဒဏ်ကို ခံနေရတဲ့ ကျေးရွာ ၂၀ လောက်ရှိပြီး  အဲ့ဒီကျေးရွာဒေသခံပြည်သူတွေဟာ စားဝတ်နေရေးအတွက် တောင်ယာကိုအဓိကလုပ်ကိုင်စားသောက်ကြတာဖြစ်ပါတယ်။

May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...
May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...