မိုးမောက်မြို့နှင့် သုံးမိုင်အကွာရှိ ကျောက်စခန်းကို KIA နှင့် PDF များ သိမ်းပိုက်

မိုးမောက်မြို့နှင့် သုံးမိုင်အကွာရှိ ကျောက်စခန်းကို KIA နှင့် PDF များ သိမ်းပိုက်

ဗန်းမော်ခရိုင် မိုးမောက်မြို့နှင့် သုံးမိုင်ကျော်အကွာမှာရှိတဲ့ ကျောက်စခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၃ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“  သိမ်းထားပြီ မနေ့ကလားမသိဘူး ။ စခန်းက ကေအိုင်အေ လက်ထဲရောက်သွားပြီမြို့နဲ့က တစ်မိုင်ကျော် နှစ်မိုင်လောက်ပဲရှိတာပဲကို မိုးမောက်နဲ့ ။ အဲ့ဒီကိုတော့သိမ်းသွားပြီ။ စိန်လုံသိမ်းသွားပြီ။  လွိုင်ကျယ်တိုက်မယ်လို့ပြောနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးမောက်မြို့နယ်အတွင်းရှိ တပ်စခန်းများဖြစ်တဲ့ ခမရ ၃၂၀၊ ခမရ ၃၈၇ ၊ ခမရ ၄၈၃ ၊ အမတ ၃၇၀ တို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မတ်လအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာ KIA+PDF ပူးပေါင်းတပ်များဟာ မိုးမောက်မြို့နယ်ရဲ့ အဓိကလမ်းမကြီးနှင့် ကျေးလက်ဒေသများကို ထိန်းချုပ်ထားပြီလည်းဖြစ်ပါတယ်။

မိုးမောက်မြို့နယ်ဟာ   ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့နှင့် ၁၀ မိုင်အကွာမှာရှိပြီး  တိုက်ခိုက်မယ့် သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတချို့ ရွေ့ပြောင်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

“  မိုးမောက်နဲ့ မံစီက ဗန်းမော်နဲ့ သိပ်မဝေးဘူး။ ၁၀ မိုင် ၁၁ မိုင် ၊ အဲ့ဒီနှစ်ဖက်ကလာမှာပဲလေ။ ဒီဘက်ကလည်း တာမိုင်းလုံ ၊ နမ့်ဖားတို့  ဗန်းမော်တောင်မှ ကျီးလန့်စာစားဖြစ်နေတာပေ့ါ လူတောင်မှ နည်းနည်းကုန်ပြီ။ ပိုက်ဆံရှိတဲဟာတွေဆို မန်းလေးရောက်နေပြီ ဗန်းမော်ကတော့ မသွားနိုင်တဲ့သူမသွားပါဘူး။  အခုတလောက မတိုက်တာတော့မဟုတ်ဘူး၊ နှေးတာနဲ့ မြန်တာပဲရှိတော့မှာ”လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၇ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ စခန်းပေါင်း ၆၀ ကျော်နီးပါးကို တစ်လကျော်အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ KIA ဘက်က ကြေညာထားပါတယ်။

စစ်ကောင်စီဘက်က ဗန်းမော်ခရိုင်အတွင်း တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သကပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

Most read this week

May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ
April 6, 2024
မြစ်ကြီးနားမြို့နယ် နဲ့  ဝိုင်းမော်မြို့အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူများကို...
April 3, 2024
နေမင်းကြီးဟာ ရွာအနောက်ဘက်မှ မှိန်ဖျော့ဖျော့ ပျောက်ကွယ်သွားပြီ။  ရှမ်းနီဒေသရဲ့ ကျေးလက်ကလည်း...
April 1, 2024
မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ နန့်ရင်းကျေးရွာအနီးရှိ KIA+PDF ပူးပေါင်းတပ်များတည်ရှိရာနေရာကို...