ဟိုပင်မြို့အနီးရှိ KIA+PDFတပ်ဖွဲ့များဘက်ကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့

ဟိုပင်မြို့အနီးရှိ KIA+PDFတပ်ဖွဲ့များဘက်ကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ နန့်ရင်းကျေးရွာအနီးရှိ KIA+PDF ပူးပေါင်းတပ်များတည်ရှိရာနေရာကို မနေ့က မတ်လ(၃၁)ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့များက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

‘ရွာတွေကတော့မထိဘူး အဓိကကtarget (ပစ်မှတ်)ထားတာက သူတို့ကိုပဲဆိုတော့ တောဘက် (KIA+PDF) နေရာကိုပဲ ကျတာပါ့ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့ပုံစံတော့မဟုတ်ဘူးနော် ဒီတိုင်းလေယာဉ်နဲ့သွားကြဲတဲ့ပုံစံပဲ’ဟု အနီးနေထိုင်သူ ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

ကနဦးဖြစ်စဉ်မှာ မနေ့က နေ့လည်(၁၁)နာရီ ဝန်းကျင်လောက်မှာ ကြာကြီးကွင်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာထိပ်ရှိ စစ်ကောင်စီပြည်သူ့စစ်စခန်းကို  KIA+PDFပူးပေါင်းတပ်ဖွဲ့များဘက်မှ ဒရုန်းဗုံးဖြင့် ဦးစွာလာရောက်ပစ်ချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

အဲ့ဒီနောက် နာရီအနည်းငယ်အကြာမှာ  စစ်ကောင်စီတပ်ဖွဲ့များဘက်မှ ကြာကြီးကွင်းကျေးရွာ အရှေ့တောင်ဘက်ရှိ နန့်ရင်းကျေးရွာအနီးကို ယခုလို ဂျက်လေယာဉ်(၁)စင်းဖြင့် ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဟိုပင်မြို့တပ်ရင်း (၄၀) အမြှောက်တပ်မှလည်း လက်နက်ကြီးပစ်ကူနေကြောင်း ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါနန့်ရင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲမကြာခနဆိုသလို ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ရက်တွေကလည်း လောလောလတ်လတ်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...