ကလေးမြို့ ပေါ်တွင် စစ်ကောင်စီက တအိမ်တက်ဆင်းအိမ်ထောင်စုစာရင်းကောက်ခံမှုရှိလာ

ကလေးမြို့ ပေါ်တွင် စစ်ကောင်စီက တအိမ်တက်ဆင်းအိမ်ထောင်စုစာရင်းကောက်ခံမှုရှိလာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရအတွက် တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း ကောက်ခံမှုရှိလာသည်ဟု ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင် ကော်မတီထံမှသိရသည်။

“ကလေးမြို့ရဲ့အရှေ့ခြမ်းရပ်ကွက်တွေမှာကောက်တယ်လောလောဆယ်၊ စုပေါင်းရုံးနဲ့နီးတဲ့ရပ်ကွက်တွေ၊ သူတို့လှုပ်လှုပ် ရှားရှားသွားလို့ရတဲ့ရပ်ကွက် မဂ်လာဉယျာဉ်နဲ့ နီးတဲ့ရပ်ကွက်တွေ ပျူစောထီးများတဲ့ရပ်ကွက်တွေမှာ တအိမ်တက် ဆင်းပြီး အိမ်ထောင်စုစာရင်းကောက်တယ်၊ တချို့ရပ်ကွက်တွေမှာကျတော့ စစ်မှုထမ်းဖို့အတွက် အရင် လူစာရင်း ထုတ်ပြန်လာတာတွေရှိတယ်လို့ကြားတယ်” ဟုကလေးမြို့လူထုတိုက်ပွဲ ဦးဆောင် ကော်မတီမှ ကိုဗိုက်ပူက ပြောသည်။

ရက်ကွက်ပေါင်း ၂၀ ခုရှိသည့် ကလေးမြို့ပေါ်တွင် အောင်သစ္စာ၊ အောင်မဂ်လာ၊ ညောင်ပင်သာရပ်ကွက်တို့မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ Non CDM ၀◌န်ထမ်းများက တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများကောက်ခံနေခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့များ က လုံခြုံရေးယူပေးသည်ဟုသိရသည်။

ကလေးမြို့ပေါ်ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူဦးရေစာရင်းနှင့် ကိုယ်ရေးအချက်အလက်စာရင်း ဖြည့်သွင်းခြင်းမလုပ်ဘဲ စစ်မူထမ်းရန် လူဦးရေစာရင်းထုတ်ပြန်မှုများလည်းရှိနေကြောင်း သတင်းထွက်ပေါ်နေသည့် အတွက် မိဘပြည်သူများအကြား စိုးရိမ်မှုမြင့်တက်နေသည်ဟု အောင်သစ္စာ ရပ်ကွက်က မိခင်တဦးကပြောသည်။

“အခုလို ဘာမှမကောက်သေးပဲနဲ့ စစ်မူထမ်းဖို့လူဦးရေစာရင်းတွေ တခါထဲထုတ်လာတာ တွေရှိတယ်လို့ကြားတော့ ကျမတို့ရပ်ကွက်ဖက်မှာလည်းအဲ့လိုလုပ်လာမှာ စိုးရိမ်တယ်၊ ကလေးတွေကို နိုင်ငံခြား လွတ်ရမလား၊ တော်လှန်ရေးထဲ ဝင်ခိုင်းရမလား အမျိုးမျိုးတွေးနေရတာ” ဟု အဆိုပါမိခင်ကပြောသည်။

ယခုကဲ့သို့အခြေအနေကြောင့် ကလေးမြို့က လူငယ်များအကြား စိုးရိမ်မူမြင့်တက်လာကာ ပြည်မဘက်နှင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သူများလာသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များထံ ၀◌င်ရောက်သည့်လူငယ်လည်း ပိုပိုများလာနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အသက်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မူမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့ က အတည်ပြုကြေညာခဲ့ပြီးနောက် ဧပြီလအကုန်တွင်အပတ်စဉ် (၁) ခေါ်ယူရန် စီစဉ်လျှက်ရှိပြီး နိူင်ငံတဝန်းလုံး စစ်မူထမ်း ဆင့်ခေါ်မူများ စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...