မန္တလေး-ရွှေဘိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးတွေတင်းကြပ်

မန္တလေး-ရွှေဘိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးတွေတင်းကြပ်
အင်းတော်နယ် နန့်တဲမှာ ခရီးသည်ယာဉ်များ ပိတ်ဆို့မှုဖြစ်နေတဲ့ အခြေအနေ
အင်းတော်နယ် နန့်တဲမှာ ခရီးသည်ယာဉ်များ ပိတ်ဆို့မှုဖြစ်နေတဲ့ အခြေအနေ

မန္တလေးကနေ စစ်ကိုင်း– ကချင်အစပ်ဘက်ကိုတက်လာတဲ့ ကားတွေကိုစစ်ကောင်စီတပ်ဘက်က လမ်းခုလတ်တွေမှာအထိုင်ချပြီးစစ်ဆေးရေးတွေတင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မန္တလေးနဲ့ ရွှေဘိုကြား သူတို့စိုးမိုးမှုအားကောင်းတဲ့ရွာတွေမှာ အထိုင်ချပြီးတော့ မန္တလေးကနေ ကချင်ပြည်နယ်အထက်ဘက်ကိုတက်လာတဲ့ကားတွေကိုအဓိကထားစစ်ဆေးတာမျိုးတွေရှိတယ်လို့ လမ်းပိုင်းအခြေနေသိရှိသူဒေသခံတစ်ယောက်ကပြောပါတယ်။

“ဒီနေ့မနက်ဆို ရွှေဘို–မန္တလေးလမ်းပိုင်းက အုန်းတောဘက်မှာစစ်ဆေးတယ်လို့ကြားတယ် ဒီရွာက သူတို့ရဲ့စိုးမိုးနယ်မြေကောင်းတဲ့နေရာတွေပေါ့ အဲ့နေရာတွေမှာစစ်ဆေးနေတယ်လို့ကြားပါတယ်။”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အဓိက အထိုင်ချစစ်ဆေးတဲ့နေရာတွေကတော့ စစ်ကိုင်းမြို့ အုန်းတောရွာဆိုတဲ့ အမြှောက်တပ်ရှိတဲ့ရွာနဲ့ ရွှေဘိုမြို့အထွက် ရွှေဘို–မြစ်ကြီးနားလမ်းမပေါ်က ရွှေဘို အမှတ် ၈  လေ့ကျင့်ရေးတပ်မှာလည်း ပုံမှန်စစ်ဆေးရေးတွေတင်းကြပ်လေ့ရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က အဲ့ဒီနေရာတွေမှာ မကြာခဏစစ်ဆေးလေ့ရှိပြီး စစ်ကိုင်းနဲ့ကချင်အစပ် ဒေသဘက်ကိုလာတဲ့ ကုန်ကားတွေကိုအဓိကစစ်ဆေးတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

“စစ်ဆေးတာကတော့ စစ်ရေးအခြေနေတင်းမာမှုမရှိတဲ့အချိန် ပြည်သူတွေကိုဒုက္ခရောက်အောင် လုပ်တာပေါ့ စစ်ဆေးတာကလည်းအစုံပဲ ကောလင်းခရိုင် ဘက်ကို ဝင်မယ့်ကားတွေကိုသူတို့ စစ်ဆေးတယ်လို့ကြားရပါတယ် မသင်္ကာရင်သိမ်းတာတွေရှိတယ်လို့ကြားရတယ် မကြာခဏ စစ်ဆေးတာပါ” လို့ပြောပါတယ်။

ဒီလမ်းပိုင်းတွေကို စစ်ကောင်စီတပ်ဘက်က စစ်ဆေးတဲ့အခြေနေနဲ့ပတ်သက်လို့လည်း ကောလင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Kawlin Revolution-KR ကလည်း မန္တလေး–ရွှေဘိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေလုပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတွေအကြား ကချင်နဲ့စစ်ကိုင်းအစပ်ဒေသမှာ နှစ်ဖက် စစ်ရေးတွေတင်းမာလျှက်ရှိပြီး အဓိကတော့ ကောလင်းနဲ့ထီးချိုင့်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတိုက်ပွဲမှာဆိုရင် ကောလင်းခရိုင်တပ်ရင်း ၂ က တပ်ဖွဲ့ဝင် ၂ ယောက် တိုက်ပွဲအတွင်းကျဆုံးခဲ့ရသလို စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ် ယောက်လည်း ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...