မြို့ပေါင်း ၁၇၀ ကျော်မှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်နေ

မြို့ပေါင်း ၁၇၀ ကျော်မှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်နေ

ဖေဖဝါရီလ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်  စစ်ကောင်စီက မြန်မာနိုင်ငံအဝှမ်းမှာ ၎င်းဥပဒေကို မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်လာနေတယ်လို့ Data for Myanmar ရဲ့   ဆိုပါတယ်။

မတ်လ ၂၂ ရက်နေ့ထိ စုဆောင်းထားတဲ့ အချက်လက်တွေအရ စစ်ကောင်စီက  မြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေအကောင်ထည်ဖော်ဆောင်ဖို့ စာရင်းကောက်ယူတာ ၊ မဲနှိုက်ရွေးချယ်တာ ၊ စစ်မှုထမ်းအသက်ရွယ် ရောက်ရှိပြီးသူအဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တာတွေ စတင်ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။

စစ်ကောင်စီက ၎င်းတို့အုပ်ချုပ်မှုအားကောင်းပြီး လူဦးရေများတဲ့  ဧရာဝတီတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး နဲ့ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတွေမှာ ဦးစားပေး အကောင်ထည်ဖော်ဆောင်ရွက်နေတာလို့လဲ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေမှာတော့ နီးစပ်ရာ ရပ်ကွက်နဲ့ကျေးရွာတွေမှာသာ ဦးစားပေးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲက  မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊မြစ်ကြီးနားမြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ လူငယ်တွေကို မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်စာတွေကိုပေးပို့နေသလို မဲနှိုက်ရွေးချယ်မှုတွေပြလုပ်နေပြီလို့လည်းသိရပါတယ်။

June 5, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက နန့်မွန်းမြို့အနီးရှိ ချောင်းဖျားတွေမှာ...
June 4, 2026
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်း ကတူးစာပေသင်ကြားရေးမှာ...
June 3, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ နမ့်မားအုပ်စု၊ နမ့်‌အော့ကျေးရွာရှိ...
June 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မံလုအုပ်စု နမ့်ပုံကျေးရွာတွင် ရှမ်းနီစာပေနှင့်...