NCA ထိုးထားသည့် EAOs ထိန်းချုပ်နယ်မြေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစတင်မယ်လို့ဆို

NCA ထိုးထားသည့် EAOs ထိန်းချုပ်နယ်မြေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစတင်မယ်လို့ဆို
ချင်းမိုင်မြို့တွင်ကျင်းပနေသည့် 7NCA-S EAO Summit
ချင်းမိုင်မြို့တွင်ကျင်းပနေသည့် 7NCA-S EAO Summit

NCA  လက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစတင်ဖို့အတွက် RCSS/SSA ဥက္ကဌက ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးစဝ်ယွက်ဆစ်က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ မတ်လ ၁၇ ရက်နေ့မှာ စတင်ပြုလုပ်တဲ့ NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်များ မျက်နှာစုံညီအစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကားမှာပြောဆိုသွားတာပါ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုနယ်မြေတွေမှာရှိတဲ့ လူထုတွေအတွက်  အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မတ်လ ၁၇ ရက်နေ့မှာ စတင်ကျင်းပတဲ့ မျက်နှာစုံညီအစည်းအဝေးပွဲမှာ NCA လက််မှတ်ထိုးထားတဲ့ (၇)ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာ အဆိုပြုချက် မူကြမ်း ၊ ဖွဲ့စည်းပုံစည်းမျဉ်း တွေကို ဆွေးနွေးသွားမယ်လို့ အစည်းအဝေးထုတ်ပြန်ချက်အရ သိရပါတယ်။

June 6, 2026
ကချင်ပြည်နယ်က မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းမီးရထား ပြေးဆွဲနိုင်ဖို့အတွက်...
June 5, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက နန့်မွန်းမြို့အနီးရှိ ချောင်းဖျားတွေမှာ...
June 4, 2026
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်း ကတူးစာပေသင်ကြားရေးမှာ...
June 3, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ နမ့်မားအုပ်စု၊ နမ့်‌အော့ကျေးရွာရှိ...