KSCU ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို လိုင်ဇာမြို့မှာအောင်မြင်စွာကျင်းပနိုင်ခဲ့

KSCU ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို လိုင်ဇာမြို့မှာအောင်မြင်စွာကျင်းပနိုင်ခဲ့
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ (KSCM) ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားမြင်ကွင်း
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ (KSCM) ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားမြင်ကွင်း

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ စစ်ရေးအခြေအနေတင်းမာနေတဲ့ကြားက ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ (KSCU) ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ တက္ကသိုလ်ရဲ့ ဒုအဓိပတိဖြစ်သူ ဆရာ ဒေါက်တာ ဦးအောင်နိုင်ကပြောပါတယ်။

ဘွဲနှင်းသဘင် အခမ်းအနားကို မတ်လ ၈ရက်နေ့က ကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း လိုင်ဇာအနီးတစ်ဝိုက် စစ်ရေးတင်းမာလာတဲ့အတွက် တစ်ပတ်အကြာ နောက်ဆုတ်ပြီးမှ ပြန်လည်ကျင်းပခဲ့တာဘဲဖြစ်ပြီး အခုလိုအခက်အခဲကြားက ဘွဲနှင်းသဘင် ကျင်းပနိုင်ခဲ့တာနဲ့ ပက်သက်ပြီး ဒေါက်တာ အောင်နိုင်က ခုလို ဆိုပါတယ်။

“တာဝန်ရှိတဲ့ လူကြီးတွေလည်း အဆင်ပြေမယ့်ရက်လို့ ယူဆပြီး လုပ်ဖြစ်သွားတာပေါ့ ဆရာတို့ကလည်း ခံယူချက်ကတော့ ပညာနဲ့တိုက်တာပေါ့ တချို့ကြတော့ လက်နက်ပြီးတိုက်ကြတာပေါ့ ဆရာတို့ကလည်းကိုယ်တတ်တဲ့ ပညာနဲ့တော်လှန်မယ်ဆိုတဲ့ ခံယူချက်မျိုးပေါ့ ပြီးတော့ ကျောင်းသားတွေကိုယ်တိုင်ကလည်း စိတ်အားထက်သန်စွာနဲ့ ဘွဲနှင်းသတင်းကို မပျက်မကွက်ပါဝင်ကြပြီး အောင်မြင်စွာ ပြီးဆုံးသွားတော့ပြောမပြတတ်လောက်အောင် ပီတိဖြစ်မိတယ်”လို့ဆိုပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနားကိုတော့ မတ်လ ၁၄ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး တက္ကသိုလ်၏ အဓိပတိဖြစ်သူ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဌ–၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ မှ အရာရှိကြီးများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား/သူများ၊ မိဘများ တက်ရောက်ခဲ့တယ်လို့ Kachin State Comprehensive University facebook page မှာ ဖော်ပြချက်အရသိရပါတယ်။

ဒါအပြင် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်မှာ ကြားကာလ ယာယီ ဆေးတက္ကသိုလ်ကောင်စီများကနေ ကျင်းပပြုလုပ်တဲ့ စာမေးပွဲအောင်မြင်သူဆေးပညာဘွဲ့(၃)ဦး ၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ကျင်းပပြုလုပ်တဲ့ စာမေးပွဲအောင်မြင်သူ မဟာသိပ္ပံဘွဲ့ (၂)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၁)ဦး၊ ဂုဏ်ထူးတန်း (၃)ဦး၊ မဟာအရည်အချင်းစစ် ဘွဲ့လွန်တန်း (၆)ဦး၊ သိပ္ပံဘွဲ့ (၁၀)ဦး ၊ ဝိဇ္ဇာဘွဲ့ (၁၀၄)ဦး၊ စုစုပေါင်း (၁၃၉)ဦးအား ဘွဲ့ဒဂရီအသီးသီး ချီးမြှင့်နိုင်ခဲ့တယ်လို့ Kachin State Comprehensive University pageမှာ ဖော်ပြထားပါတယ်။

အခုကို ဘွဲ့နှင်းသဘင်ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် တာဝန်ရှိလူကြီးတွေနဲ့ ကျောင်းဆရာတွေသာမက ကျောင်းသားကျောင်းသားတွေပါ အခက်အခဲအမျိုးမျိုးကြားက အားတက်သရောပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

အခုလိုအောင်မြင်စွာ ဘွဲနှင်းသဘင်ပွဲကို ကျင်းပခွင့်ရခဲ့တဲ့အပေါ် သိပ္ပဘွဲရ ကျောင်းသူတစ်ဦးက သူရဲ့ခံစားချက်ကို အခုလိုပြောပါတယ်။

“တန်ဖိုးရှိတဲ့ အချိန်တစ်ခုကို ပိုင်ဆိုင်ရလိုက်တယ်လို့ ခံစားရပါတယ် ဒီကျောင်းတတ်တဲ့အချိန်ရော အခက်အခဲအမျိုးမျိုးကြုံတွေ့ခဲ့တာပေါ့ ခုလည်းကျောင်းပြန်ဆက်တက်ပြီး ကိုယ်တတ်တဲ့ ပညာနဲ့ ပြန်လိုအပ်တဲ့ သူတွေကို ဆပ်ကပ်ဖို့ စဉ်းစားထားပါတယ် ပြီးတော့ လူငယ်တွေအနေနဲ့ရော ပညာသင်ယူတာကို ဘယ်နေရာ ဘယ်လိုအခက်အခဲဘဲရောက်ရောက် အရှုံးမပေးဘဲ ကြိုးစားကြဖို့ အားပေးချင်တယ်”လို့ဆိုပါတယ်။

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU)ကို တော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် KIO အစိုးရတို့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့မှာ စတင်တည်ထောင်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ  ၁၂ ရက်နေ့မှာ စတင်ဖွင့်လှစ် ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင် တော်လှန်ရေးမှာ  ပြည်သူလူထုဘက်က

ရပ်တည်းပြီးတော့ CDM မှာပါဝင်တဲ့ ကျောင်းသားတွေ၊ ဆရာဆရာမတွေကို ကူညီပေးဖို့နဲ့ ကြားကာလမှာ ဆောင်ရွက်သွားမယ့် ပညာရေးဆိုင်လုပ်ငန်းတွေကို လုပ်ဖို့ရည်ရွယ်ချက်အသီးသီးနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...
April 21, 2026
စစ်အစိုးရ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ ကိန်းဂဏန်းမှာ အတုအယောင်သာဖြစ်ဟု...
April 21, 2026
မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာကြောင့်...