ဗန်းမော်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံး

ဗန်းမော်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံး

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စကခ ၂၁ စစ်တပ်က ပစ်ခတ်နေတဲ့လက်နက်ကြီးကျည်တွေဟာ ကမ်းနီကျေးရွာအပါအဝင် ရွာ ၄ ရွာမှာကျရောက်ပေါက်ကွဲလို့ အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းကနေ ဗန်းမော်မြို့ပတ်ပတ်လည်ကို နေ့၊ည မပြတ်လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာဖြစ်ပြီး ဗန်းမော်မြို့ တစ်ဖက်ကမ်း ဧရာဝတီမြစ်အနောက်ဘက် အလယ်ကျွန်းရှိ မိုးစိမ်းကျွန်းနှင့် မိုင်းကာကျေးရွာအပြင် ကမ်းနီကျေးရွာနဲ့ စင့်ကင်ရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ခုလိုပြောပါတယ်။

“ခုက ပတ်ပတ်လည်ပစ်နေတာ သေတဲ့သူတွေရဲ့နာမည်စာရင်း အတိကျတော့သိရဖို့ခက်တယ် တိတိကျကျပြောလို့ရတာက အသက် ၁၀နှစ်အောက် ကလေး ၃ယောက်ပါတယ် အမျိုးသမီး ၂ ယောက်ပါတယ်”လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားသူတွေဟာ မိုင်းကာရွာ အသက် ၃၀ နှစ်ဝန်းကျင်အမျိုးသမီးတစ်ဦး၊ မိုးစိမ်းကျွန်း တစ်နှစ်ကျော်အရွယ်ကလေးတစ်ဦး၊ စင့်ကင်ရွာ အသက် ၅၇ နှစ်အရွယ် မဝင်းချစ်နဲ့ ကမ်းနီရွာမှာနောက်ထပ် ကလေး ၁၀အောက်ကလေး ၃ ဦးနဲ့ အသက် ၃၀ ဝန်းကျင် မိခင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်မြို့လမ်းမတစ်လျှောက် စစ်ကောင်စီတပ်စခန်းကို KIA ကစခန်းသိမ်းတိုက်ပွဲ စတင်လာတဲနေ့ကတည်းကနေစပြီး ဗန်းမော်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက KPDF တွေမြို့ထဲဝင်ရောက်နေပြီဆိုတဲ့အကြောင်းပြချက်နဲ့ မြို့တွင်းမြို့ပြင် အရပ်သားတွေပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ ပစ်သတ်တာတွေများလာနေပြီဖြစ်တယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။

လက်ရှိ မြို့ရှောင်လမ်း၊ ၃မိုင်၊ အရှေ့သာစည်၊ ၂ မိုင်အောင်သာ၊ဟန်းတဲရပ်ကွက်တွေမှာ လမ်းမပေါ်ထွက်လာတဲ့သူမှန်သမျှ စစ်တပ်က ပစ်သတ်နေလို့ သေဆုံးတဲ့ အရပ်သား ၁၀  ဦးထက်ဦးထက်မနည်းရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပစ်သတ်ခံရတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို သိခွင့်မရဘဲ စစ်တပ်က မှောက်လျက်အနေထားနဲ့ပစ်သတ်ထားပြီး နာရေးကူညီမှုအသင်းကလည်း မှောက်လျက်အနေထားနဲ့ သယ်ယူဖို့နဲ့ ဓါတ်ပုံမှတ်တမ်းတွေမရိုက်ဖို့ ခံဝန်ကတိရေးထိုးပြီး သယ်ယူနေကြတယ်လို့ ဆိုကြပါတယ်။

“နာရေးကူညီမှုအသင်းတွေအများကြီးရှိတယ် အဲထဲကမှသူတို့ရွေးပြီးခေါ်တာလို့သိရတယ် မှောက်တဲ့အနေထားနဲ့ပစ်သတ်ထားတယ် မျက်နှာကြည့်ခွင့်မရှိ လူနာတင်တဲ့သူတွေကလည်း မှောက်လျက်တင်ပြီး မီးရှို့ရတယ်ပြောတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်မြို့လမ်းမတစ်လျှောက် စစ်ကောင်စီတပ်စခန်းကို KIA ကစခန်းသိမ်းတိုက်ပွဲ စတင်လာတဲနေ့ကတည်းကနေစပြီး ဗန်းမော်မြို့မှာအကြောင်းမဲ့ဖမ်းဆီးခံရတဲ့သူတွေလည်း များလာနေပြီဖြစ်သလို လက်ရှိဗန်းမော်မြို့မှာ MPT နဲ့ဖုန်းလိုင်းတစ်ချို့လည်းပိတ်ခံထားရတယ်လို့ဆိုပါတယ်။

Most read this week

December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...
Photo credit - CJ
December 8, 2025
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့...