ဖွန်းပြန်ဘွမ် စစ်ကောင်စီတပ်စခန်းအပါအဝင် ရှေ့တန်းစခန်းပေါင်း ၁၀ ခု KIA တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

ဖွန်းပြန်ဘွမ် စစ်ကောင်စီတပ်စခန်းအပါအဝင် ရှေ့တန်းစခန်းပေါင်း ၁၀ ခု KIA တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု
လိုင်ဇာမြို့အနီး သိမ်းပိုက်ရရှိထားတဲ့နေရာတစ်ချို့
လိုင်ဇာမြို့အနီး သိမ်းပိုက်ရရှိထားတဲ့နေရာတစ်ချို့

KIO ဌာနချူပ် လိုင်ဇာမြို့နဲ့ အနီးဆုံး ဖွန်းပြန်ဘွမ်(Hpun pyen bum) စစ်ကောင်စီတပ်စခန်းနဲ့အတူ ရှေ့တန်းစခန်းပေါင်း ၁၀ ခုခန့် တိုက်ခိုက်သိမ်းပိုက်ပြီဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။

လိုင်ဇာမြို့အနီးရှိ စစ်တပ်စခန်းတွေအပါအဝင် ဝိုင်းမော် - ဗန်းမော်ကြားရှိ စစ်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDF ပူးပေါင်းတပ်ပေါင်းစုတွေ မတ်လ ၇ ရက်နေ့ မနက် ၆ နာရီကနေစပြီး  ထိုးစစ်ဆင်တိုက်ခိုက်ရာ ညနေ ၅ နာရီထိ ဖွန်းပြန်ဘွမ်စစ်တပ်စခန်းနဲ့ ရှေ့တန်းစခန်းပေါင်း ၁၀ ခုခန့် သိမ်းပိုက်ရရှိထားပြီလို့ ပြောပါတယ်။

“မနက် ၆ နာရီကနေ စတိုက်တယ်။ နေ့လည်ပိုင်းခဏငြိမ်ပြီး ညနေပိုင်းကနေ ပြန်တိုက်တာ လိုင်ဇာနဲ့အနီးဆုံး ဖွန်ပြန်ဘွမ်(Hpunpyen bum) ကို သိမ်းလိုက်ပြီပြောတယ်။ ပြီးတော့ ဘွမ်ရေဘွမ်၊ ခယာဘွမ်၊ ရှဒန်ပါ စသဖြင့် နေရာတိုင်းက တပ်ရင်းတွေရဲ့ ရှေ့တန်းစခန်းပေါ့ ကာကရိန်းPost စုစုပေါင်း ၁၀ ခုလောက်တော့သိမ်းလိုက်ပြီ။” ဟုဗိုလ်မှူးကြီးနော်ဘူက ညနေ ၅ နာရီခွဲမှာ KNG ကချင်သတင်းဌာနကိုပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲအတွင်း အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ဒါကြောင့် လိုင်ဇာမြို့တွင်း ဝိုင်ကြိုင်နဲ့ မုန်လိုင်ခက်ရပ်ကွက်တွေမှာ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ သိရပါတယ်။

“လိုင်ဇာမှာက တိမ်းရှောင်သူတွေရှိသလို၊ တချို့က ဆက်လက်ရှိနေတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်နဲ့ မိခင်တွေတော့ တိမ်းရှောင်ကုန်ပြီ။ သတိနဲ့ နေရလိမ့်မယ်။ စစ်တပ်က အဓိက လက်နက်ကြီးနဲ့ပစ်တယ်။လေယာဉ်နဲ့ပစ်တယ်။ စီခမ်းကြီးတိုက်ပွဲအတွေ့အကြုံကိုကြည့်ရရင် တိုက်ပွဲအတွင်းပစ်မှတ်မထားဘူး။ ပြည်သူရှိတဲ့နေရာကိုပဲ ပစ်မှတ်ထားတာကို တွေ့တယ်။ ဒါကြောင့် အားလုံးသတိနဲ့ သတင်းနားစွင့်ပြီး လုံခြုံတဲ့နေရာတွေဆီ တိမ်းရှောင်ဖို့ အရေးကြီးလိမ့်မယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။

လက်ရှိ လိုင်ဇာမြို့အနီးရှိ ဘွမ်ရေဘွမ်(Bumre bum)၊ ခယာဘွမ်( Hkaya bum) နဲ့ ရှဒန်ပါ(Shadan pa) ၊ ဟန်းကိုင်ဘွမ်(Hangkai Bum) စတဲ့တောင်ကုန်းတွေပေါ်ရှိ စစ်တပ်စခန်းတွေအပါအဝင် ဝိုင်းမော် ရွှေညောင်ပင် ၃၂၁ တပ်ရင်း၊ မြို့သစ်၊ ကုန်းလော ဘက်က စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဒီနေ့တိုက်ပွဲအတွင်း ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် စစ်တပ်စခန်းကို လုံခြုံရေးယူပေးတဲ့ အင်လုံခ(အောင်မြေသစ်) ပြည်သူ့စစ်တပ်စခန်းကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်နေချိန် မြစ်ကြီးနားဘက်ကို အိမ်စီးကားနဲ့ပြန်သွားတဲ့ ပြည်သူ့စစ်ခေါင်ဆောင် ဦးရွှေမင်းကား တိုက်ခိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ အတည်ပြုပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က မြစ်ကြီးနား - ဗန်းမော် ကားလမ်းမကြီးတစ်လျှောက်ရှိ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စတင်ရှင်းလင်းဖို့ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီပဲဖြစ်ပါတယ်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...