ကေအိုင်အေက ရှေ့တန်းစခန်း‌‌ငယ်တွေ သိမ်းပိုက်ရရှိထားပြီလို့ ဗိုလ်မှူးကြီးနော်ဘူပြော

ကေအိုင်အေက ရှေ့တန်းစခန်း‌‌ငယ်တွေ သိမ်းပိုက်ရရှိထားပြီလို့ ဗိုလ်မှူးကြီးနော်ဘူပြော
ဒီကနေ့မနက် သိမ်းပိုက်ရရှိထားတဲ့ လက်နက်ခဲယမ်းများ
ဒီကနေ့မနက် သိမ်းပိုက်ရရှိထားတဲ့ လက်နက်ခဲယမ်းများ

မြစ်ကြီးနား - ဗန်းမော်ကားလမ်းမကြီးတစ်ကြော KIO ဌာနချူပ်လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရှေ့တန်းစခန်းငယ်တစ်ချို့ကို သိမ်းပိုက်ရရှိထားကြောင်း KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မတ်လ ၇ ဒီမနက်  ၆ နာရီကစပြီး ဝိုင်းမော် ရွှေညောင်ပင် ခလရ ၃၂၁ စစ်တပ်စခန်း၊ နွမ့်လန့် (Numlang)၊ ကုန်းလော (Kunglaw) ဘက်က စစ်တပ်စခန်းတွေနဲ့ ခယာဘွမ် (Hkaya Bum)၊ ဘွမ်ရဲဘွမ် (Bumre Bum) တစ်ကြောရှိ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

“အဓိက မြစ်ကြီးနား - ဗန်းမော်လမ်းတစ်ကြောက စစ်တပ်စခန်းတွေကို တိုက်နေတယ်။ လုပ်ငန်းဝင်နေတဲ့နေရာတွေကများတယ်။ ဘွမ်ရဲဘွမ်နဲ့ ခယာဘွမ် တပ်ရင်းစခန်းကြီးတွေကိုတော့ မသိမ်းသေးဘူး။ သိမ်းတယ်ဆိုတာက ဘေးအနီးတဝိုက်က စခန်းငယ်တွေကိုပြောတာ။ စခန်းအသေး အသေးလေးတွေ အရမ်းများတယ်လေ။” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ဒီမနက် ၆ နာရီလောက်ကစပြီး ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေတာ မနက် ၈ နာရီလောက်အထိတော့  ဘွမ်ရေဘွမ် နဲ့ ခယာဘွမ်တပ်ရင်းကြီးတွေရဲ့ ရှေ့တန်းစခန်းငယ်တချို့ကို သိမ်းပိုက်မီးရှို့ထားနိုင်ပြီဖြစ်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဝိုင်းမော်ဘက်က ရွှေညောင်ပင်ရှေ့တန်းစခန်း ရွှေမင်းပြည်သူ့စစ်အဖွဲ့တပ်ချတဲ့ အောင်မြေ ၁ ပြည်သူ့စစ်စခန်းကိုလည်း KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အခြေအနေရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

“တိုက်ပွဲပြင်းထန်လာရင်တော့ စစ်တပ်က လေကြောင်းတွေအပြင်းအထန်အသုံးပြုလာလိမ့်မယ်။ အားလုံး သတိနဲ့နေရမှာပေါ့။ လက်ရှိချိန်ထိတော့ သတင်းအချက်အလက်တွေ အသေးစိတ်မသိရသေးဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

လက်ရှိ လိုင်ဇာမြို့တွင်းမှာတော့ ပြည်သူတစ်ချို့က ဘေးလွတ်ရာကို စတင်တိမ်းရှောင်နေကြပြီလို့ လိုင်ဇာမြို့ဒေသခံဆီကနေ ဆက်လက်သိရပါတယ်။

လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ခယာဘွမ်၊ ဘွမ်ရဲဘွမ် တပ်စခန်းတွေဟာ လိုင်ဇာမြို့အနီးက စစ်တပ်စခန်းကြီးတွေဖြစ်ပြီး လိုင်ဇာမြို့ဘက် ပုံမှန်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က မြစ်ကြီးနား - ဗန်းမော် ကားလမ်းမကြီးတစ်လျှောက်ရှိ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စတင်ရှင်းလင်းဖို့ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီပဲဖြစ်ပါတယ်။

April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...
April 21, 2026
စစ်အစိုးရ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ ကိန်းဂဏန်းမှာ အတုအယောင်သာဖြစ်ဟု...
April 21, 2026
မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာကြောင့်...