အလုပ်အကိုင်ရှားပါးနှင့် စစ်ရေးပဋိပက္ခတွေကြောင့် ပင်လည်ဘူးမြို့ ကျေးလက်ရှိ လူငယ်များ နေရပ်စွန့်ခွာမှုများလာ

အလုပ်အကိုင်ရှားပါးနှင့် စစ်ရေးပဋိပက္ခတွေကြောင့် ပင်လည်ဘူးမြို့ ကျေးလက်ရှိ လူငယ်များ နေရပ်စွန့်ခွာမှုများလာ
ပင်လည်ဘူးမြို့ စည်ပင်သာယာစျေးကိုတွေ့ရစဉ်
ပင်လည်ဘူးမြို့ စည်ပင်သာယာစျေးကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ရှိ ပင်လည်ဘူးမြို့ ကျေးလက်ဒေသရှိ လူငယ်များအနေဖြင့် အလုပ်အကိုင်ရှားပါးလာမှုနှင့် ဒေသတွင်း စစ်ရေးပဋိပက္ခ မကြာခဏဖြစ်ပွားနေခြင်းကြောင့်  နေရပ်စွန့်ခွာမှုများလာနေတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။

“ ငါတို့ဘက်မှာဆို လူငယ်တွေက ထွက်ကုန်ပီ အလုပ်အကိုင်က ရှားတာနှင့် ကုန်ဈေးကကြီးတာနှင့် ဒီကြားထဲ စစ်က ခဏခဏဖြစ် လမ်းက ခဏခဏပိတ်ကြတော့ ယောကျ်ားလေးတွေဆို သိပ်မနေချင်ကြဘူး”  လို့ ပင်လည်ဘူး မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

လူငယ်တွေဟာ ဟုမ္မလင်း၊ ဗန်းမောက် ၊ ကျွန်းလှ စတဲ့မြို့တွေက ရွှေတူးဖော်တဲ့ ရွှေမှော်တွေမှာ သွားရောက်လုပ်ကိုင်နေကြသလို တချို့လည်း  ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ  ရွေ့ပြောင်းအလုပ်လုပ်ကိုင်နေကြတာလို့ သိရပါတယ်။

လူငယ်များထဲက အမျိုးသားအများစုက နေရပ်စွန့်ခွာပြီး တခြားဒေသမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။

“ အလှူပွဲမှာဆိုရင်တောင် ပွဲဆင်း(လုပ်ကူကိုင်ကူ) တဲ့ အပျိုလူပျိုတွေဆို  မိန်းကလေးတွေကချည်းပဲ ယောကျ်ားလေးက နည်းသွားပီ” လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင်   ကျောင်းနေအရွယ် ကလေးအချို့က ပညာဆက်လက်ဆည်းပူးမှုတွေ  မလုပ်ကြတော့ပဲ အသက်မွေးဝမ်းကြောင်းရေးတွက်သာ လုပ်ကိုင်နေကြလို့ အနာဂတ် လူငယ်တွေရဲ့ပညာရေးအတွက်လည်း စိတ်ပူမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တွင်းမှာလဲ ဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် လူငယ်အများပြားက ရှောင်တိမ်းမှုတွေရှိနေတာလည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...