အလုပ်အကိုင်ရှားပါးနှင့် စစ်ရေးပဋိပက္ခတွေကြောင့် ပင်လည်ဘူးမြို့ ကျေးလက်ရှိ လူငယ်များ နေရပ်စွန့်ခွာမှုများလာ

အလုပ်အကိုင်ရှားပါးနှင့် စစ်ရေးပဋိပက္ခတွေကြောင့် ပင်လည်ဘူးမြို့ ကျေးလက်ရှိ လူငယ်များ နေရပ်စွန့်ခွာမှုများလာ
ပင်လည်ဘူးမြို့ စည်ပင်သာယာစျေးကိုတွေ့ရစဉ်
ပင်လည်ဘူးမြို့ စည်ပင်သာယာစျေးကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ရှိ ပင်လည်ဘူးမြို့ ကျေးလက်ဒေသရှိ လူငယ်များအနေဖြင့် အလုပ်အကိုင်ရှားပါးလာမှုနှင့် ဒေသတွင်း စစ်ရေးပဋိပက္ခ မကြာခဏဖြစ်ပွားနေခြင်းကြောင့်  နေရပ်စွန့်ခွာမှုများလာနေတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။

“ ငါတို့ဘက်မှာဆို လူငယ်တွေက ထွက်ကုန်ပီ အလုပ်အကိုင်က ရှားတာနှင့် ကုန်ဈေးကကြီးတာနှင့် ဒီကြားထဲ စစ်က ခဏခဏဖြစ် လမ်းက ခဏခဏပိတ်ကြတော့ ယောကျ်ားလေးတွေဆို သိပ်မနေချင်ကြဘူး”  လို့ ပင်လည်ဘူး မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

လူငယ်တွေဟာ ဟုမ္မလင်း၊ ဗန်းမောက် ၊ ကျွန်းလှ စတဲ့မြို့တွေက ရွှေတူးဖော်တဲ့ ရွှေမှော်တွေမှာ သွားရောက်လုပ်ကိုင်နေကြသလို တချို့လည်း  ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ  ရွေ့ပြောင်းအလုပ်လုပ်ကိုင်နေကြတာလို့ သိရပါတယ်။

လူငယ်များထဲက အမျိုးသားအများစုက နေရပ်စွန့်ခွာပြီး တခြားဒေသမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။

“ အလှူပွဲမှာဆိုရင်တောင် ပွဲဆင်း(လုပ်ကူကိုင်ကူ) တဲ့ အပျိုလူပျိုတွေဆို  မိန်းကလေးတွေကချည်းပဲ ယောကျ်ားလေးက နည်းသွားပီ” လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင်   ကျောင်းနေအရွယ် ကလေးအချို့က ပညာဆက်လက်ဆည်းပူးမှုတွေ  မလုပ်ကြတော့ပဲ အသက်မွေးဝမ်းကြောင်းရေးတွက်သာ လုပ်ကိုင်နေကြလို့ အနာဂတ် လူငယ်တွေရဲ့ပညာရေးအတွက်လည်း စိတ်ပူမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တွင်းမှာလဲ ဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် လူငယ်အများပြားက ရှောင်တိမ်းမှုတွေရှိနေတာလည်းဖြစ်ပါတယ်။

Most read this week

May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ
April 6, 2024
မြစ်ကြီးနားမြို့နယ် နဲ့  ဝိုင်းမော်မြို့အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူများကို...
April 4, 2024
ဗန်းမော်ခရိုင် မိုးမောက်မြို့နှင့် သုံးမိုင်ကျော်အကွာမှာရှိတဲ့ ကျောက်စခန်းကို KIA+PDF...