KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မဂျီဂုန်ဗျူဟာစခန်း စစ်တပ်ကဂျက်ဖိုက်တာ ၂ စီးနဲ့ဗုံးကျဲ

KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မဂျီဂုန်ဗျူဟာစခန်း စစ်တပ်ကဂျက်ဖိုက်တာ ၂ စီးနဲ့ဗုံးကျဲ

ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မံစီမြို့နယ်ထဲက မဂျီဂုန်ဗျူဟာစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့် KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။

အဲဒီ မဂျီဂုန်မဟာဗျူဟာမြောက်စခန်းကို စစ်တပ်က မတ်လ ၆ ရက်နေ့ ဒီနေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်မှာ ဗုံးကျဲသွားတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုခုလိုပြောပါတယ်။

“ဟုတ်တယ် ဒီမနက် လေယာဉ် ၂စီးနဲ့ လာပစ်သွားတာ ထိခိုက်တာရှိမရှိတော့ မသိသေးဘူး”လို့ ပြောပါတယ်။

မဂျီဂုန်စခန်းဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ခလရ တပ်ရင်း ၃ ခုနဲ့ခမရ တပ်ရင်း ၁ ခု စုစုပေါင်း တပ်ရင်း  ၄ ရင်းစုပေါင်းတပ်စွဲထားတဲ့ ဗျူဟာမြောက်စခန်းဖြစ်ပြီး KIA,KPDF ပူးပေါင်းတပ်တွေက မတ်လ ၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဒီမဂျီဂုန်စခန်းကိုသိမ်းပိုက်ရရှိတာဟာ KIA တွက် စစ်ရေးအရ အကျိုးမြတ်အကြီးတစ်ခုဖြစ်ပြီး စိုးမိုးနယ်မြေပိုပြီးကျယ်ပြန့်လာပြီလို့လည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူက KNG ပြောထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ဒေသကာကွယ်ရေးတပ် LPDF ပူးပေါင်းတပ်တွေဟာ ဒီနှစ် နှစ်ဆန်းပိုင်းကနေစပြီး ကချင်- ရှမ်းအစပ်က မဘိမ်းမြို့နယ်အပါအဝင် မံဝိန်းကြီးတပ်စခန်း၊ မံစီမြို့နယ်ထဲက ဘလော်ဒိန်ဆာတပ်စခန်း၊ ကိုက်ထိပ်တပ်စခန်း၊ စီခမ်းကြီးတပ်စခန်း၊မဂျီဂုန်စခန်းအစရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်ပြီး သိမ်းပိုက်နေတာလည်းဖြစ်ပါတယ်။

အလားတူ လက်ရှိ ကချင်ပြည်နယ်မှာတော့ ကချင်- စစ်ကိုင်းအစပ် ဖားကန့် တာမခံဘက်နဲ့ ကချင်-ရှမ်းအစပ်မှာ စစ်တပ်နဲ့ KIA တပ်တို့အကြား နေ့တိုင်းဆိုသလို ထိတွေ့တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်တပ်ဘက်ကတော့ တိုက်ပွဲနေရာတွေကို လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေဆဲဖြစ်ပါတယ်။

Most read this week

December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...