တာမခံကျေးရွာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ကို KIA ဖမ်းဆီး

တာမခံကျေးရွာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ကို KIA ဖမ်းဆီး

ဖားကန့်မြို့နယ် တာမခံကျေးရွာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းအရေးမှူး ဦးခင်မောင်ကြည်ကို ကချင်လွတ်မြောက်ရေးတပ် KIA က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မတီထံကနေ သိရပါတယ်။

“ နမ့်နန်းလှိုင် စစ်ရှောင်စခန်းမှာ  စစ်ရှောင်စခန်းက တာမခံ ခိုမတို့ဘာတို့ဘက်က အဲ့မှာစစ်ရှောင်သွားရင် အဲ့ဒီမှာ လာဖမ်းသွားတယ်။ မနေ့က တစ်နာရီမှာ”  လို့  မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ အတွင်းရေးမှူးက ပြောပါတယ်။

ဦးခင်မောင်ကြည်ဟာ တာမခံကျေးရွာ ဇာတိသားတစ်ဦးဖြစ်ပြီး ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ တာမခံရပ်ရွာအရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

သူ့ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး KIA ဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။

ဦးခင်မောင်ကြည်ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်စခန်းတွင် ဖုန်းပြောမှုကြောင့် မသင်္ကာမှုဖြင့် ဖမ်းဆီးသွားတာဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။

“ သူက စစ်ဘေးရှောင်စခန်းမှာ ဖုန်းပြောနေတယ်ဆိုလား၊ အဲ့တာကို မသင်္ကာလို့ဆိုပြီး ဖမ်းသွားတယ်လို့ကြားတယ် ၊ နောက်ဆက်တွဲကမသိရသေးဘူး” လို့ ဦးခင်မောင်ကြည်နှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

သူဖမ်းခံရမှုနှင့်ပတ်သက်ပြီး မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဖမ်းဆီးမှုကို အမြန်ဆုံးပြတ်လွတ်ပေးဖို့ နှင့် အခုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ သဘောထားကြေညာချက်ထုတ်ပြန်လာပါတယ်။

ဦးခင်မောင်ကြည်ဟာ ပျားမွေးမြူရေးလုပ်ငန်း၊ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေတစ်ဦးလည်းဖြစ်ကြောင်းသိရပါတယ်။

တာမခံကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက (၆) ရက်ကြာ တိုက်ခိုက်နေတာဖြစ်ပြီး တာမခံကျေးရွာသူ/သားအားလုံး စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...