ကောလင်းမြို့မှာ စစ်ဘေးရှောင် နှစ်သောင်းခွဲကျော်ရှိပြီး ပိုများလာနေ

ကောလင်းမြို့မှာ စစ်ဘေးရှောင် နှစ်သောင်းခွဲကျော်ရှိပြီး ပိုများလာနေ
ကောလင်းမြို့ စစ်ဘေးရှောင်များကိုတွေ့ရစဉ် / ကောလင်းပကဖ
ကောလင်းမြို့ စစ်ဘေးရှောင်များကိုတွေ့ရစဉ် / ကောလင်းပကဖ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ကောလင်းဒေသခံများ နေရပ်တိမ်းရှောင်ရမှု ပိုများပြားလာနေတယ်လို့ သိရပါတယ်။

NUG  တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းယူစဉ် မြို့ပေါ်နှင့် အနီးတဝိုက်ရှိကျေးရွာများမှ ဒေသခံတွေက မြို့နှင့် ဆယ်မိုင်အကွာကကျေးရွာတွေဘက်ကို  စစ်ဘေးရှောင်တိမ်းနေကြရတာလည်းဖြစ်ပါတယ်။

“ နီးစပ်ရာတွေပါ  ကိုယ်တွေလဲ ရွာနာမည်အားလုံးမှမသိတာ၊   အဲ့ဒီ ခမောက်တောင် အနောက်ဘက်မှာ တွေတောင် ရွာတွေအများကြီးရှိသေးတယ် အဲ့ထိပြေးကြရတာပါ့” လို့ စစ်ရှောင်နေတဲ့  ဒေသခံတစ်ဦးက ပြောပြပါတယ်။

တိုက်ပွဲတွေကြောင့်  မြို့ပေါ်နှင့် ကျေးရွာ ၂၅ ရွာကျော်ဟာ စစ်ရှောင်နေရပြီး  စစ်ဘေးရှောင်သူ  နှစ်သောင်းခွဲကျော်ခန့်ရှိနေပြီလို့ ဒေသခံများပြောကြားချက်အရသိရှိရပါတယ်။

“နှစ်သောင်းကျော်မှာပေါ့ တစ်ရွာဆိုရင်အနည်းဆုံးမရှိဘူးဆိုရင်တောင်မှ တစ်ထောင်နှစ်ထောင် လောက်ရှိနေတာ ၊ ဆယ်ရွာလောက်ဆို နှစ်သောင်းနေပြီလေ ၊ ဒါတောင် မြို့ကဟာမပါသေးဘူး ၊ ဒါက သဘောပြောတာ ” လို့ ၎င်းက ဆက်ပြောပြပါတယ်။

ကောလင်းမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်  ၈၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးတယ်လို Kawlin Revolution အဖွဲ့က ပြောဆိုထားပါတယ်။

ကောလင်းမြို့နယ်တွင်း  ခံသာတိုက်နယ်တွင်းက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ကာ ယနေ့ချိန်ထိ ၅ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း Kawlin Revolution က သတင်းထုတ်ပြန်ထားပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...