ကောလင်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းမီးရှို့ဖျက်ဆီးခံထားရ

ကောလင်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းမီးရှို့ဖျက်ဆီးခံထားရ

စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့မှာ စစ်ကောင်စီတပ်ဘက်က မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကောလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ကောလင်းမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပဲ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ထိန်းချုပ်လိုက်တဲ့နေ့ကစ နေ့တိုင်းဆိုသလို မြို့ပေါ်ရပ်ကွက် အားလုံးကို မီးရှို့ဖျက်ဆီးနေတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

“မီးရှို့ဖျက်ဆီးမှုက ပျက်ဆီးမှုက ပြည်သူတွေပြောတာ ၈၀ ရာခိုင်နှုန်းလောက်ဖျက်ဆီးခံရပြီးပြီ လို့တော့အကြမ်းမျဥ်းသိရတယ် ကျနော်တို့စုံစမ်းချက်အရတော့ မြို့ထဲမှာက ရဲစခန်းပတ်ချာလည် က ရပ်ကွက်နဲ့ ထွေအုပ်နားတဝှိုက်ကလွဲရင် ကျန်တဲ့နေရာတွေက တော်တော်များများကိုမှ ပြာကျ နေပြီလို့ကြားရပါတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာလည်း ကောလင်းသတင်းတွေကိုဖော်ပြနေတဲ့ Kawlin Revolution KR ကလည်း မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကအခုလိုပြော ပါတယ်။

“စစ်ရေးကတော့ တင်းမာနေဆဲကာလပဲပေါ့ အဲ့လောက်ပဲပြောလို့ရမယ် ဘယ်လိုပုံစံဆိုတာက တော့ ပြောလို့အဆင်မပြေပါဘူး လက်ရှိအချိန်ထိကတော့ စစ်ကောင်စီနဲ့ကစစ်ရေးတင်းမာမှုက တော့ အချိန်မရွေးဖြစ်နေဆဲပါ”လို့ပြောပါတယ်။

တစ်ဖက်မှာ ကောလင်းမြို့အရှေ့ခြမ်းက လျှပ်စစ်မီးပေးရာ ထရမ်စဖော်မာတွေကိုလည်း စစ်ကောင် စီတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးခံထားရပြီး လျှပ်စစ်မီးတွေပါပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လျှပ်စစ်မီးက ကောလင်းအနောက်ခြမ်းမှာ ပြတ်တောက်သွားတာကြာပြီ ကောလင်းအရှေ့ခြမ်း မှာ စစ်ကောင်စီတပ်ဘက်က ထရမ်စဖော်မာတွေကိုဝင်ပြီး စောင့်တဲ့သူတွေကိုလည်း ခြိမ်းခြောက် ပြီး ပစ်ခတ်ပြီးတော့ မီးတွေလည်းဖြတ်သွားတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ကောလင်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၅ ရွာက အပါအဝင် မြို့ပေါ်ရပ်ကွက်တွေမှာနေထိုင် တဲ့ အရပ်သား ၂သောင်းခွဲဝန်းကျင် စစ်ဘေးရှောင်နေရတယ်လို့လည်းသိရပြီး စစ်ဘေးရှောင်နေ ရတာ ၁ လနီးပါးရှိလာသလို အကူညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...