ထီးချိုင့်မြို့ပေါ် ပစ္စည်းပြန်သယ်သည့် စစ်ရှောင် ၇၀ ကျော် ဖမ်းဆီးခံထားရ

ထီးချိုင့်မြို့ပေါ် ပစ္စည်းပြန်သယ်သည့် စစ်ရှောင် ၇၀ ကျော် ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ပေါ်မှာ  စားဝတ်နေရေးအတွက် ပစ္စည်းပြန်သယ်သည့် စစ်ရှောင် ခုနှစ်ဆယ်ကျော်ဖမ်းဆီးခံထားရတယ်လို့ ဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ၂၆ ရက်နေ့အထိ မြို့ပေါ်ပစ္စည်းပြန်သယ်သူ စုစုပေါင်း ၇၀ ဆယ်ကျော်ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“ အဲ့ဒါမှန်တယ်။ ဒါမယ့် အဲ့အယောက် ၄၀လုံးကိုဖမ်းထားတာ ၊ သူတို့ကို ကောင်းကောင်းမွန်မွန်တော့ ထားပေးပါတယ်။ ပြန်မလွတ်ပေးသေးဘူး။ သူတို့ စီစစ်နေကြတာ။ အခုထိ တောင်ပေါ်မှာ ဖမ်းထားတာကိုက ခုနှစ်ဆယ်” လို့  ဒေသခံစစ်ရှောင်ပြည်သူတစ်ဦးက ပြောပြပါတယ်။

ထီးချိုင့်မြို့မှာ ပြီးခဲ့တဲ့ ဖေဖဝါရီလ ၈ ရက်နေ့က မြို့တွင်း ကျန်ရှိနေတဲ့ ပစ္စည်းများ ပြန်လည်ယူဆောင်ဖို့ ဝင်ရောက်သွားတဲ့ စစ်ရှောင်ထီးချိုင့်ပြည်သူ ၄၀ ကျော်ကိုလဲ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

ထီးချိုင့်မြို့ပေါ် ပြန်လည်ဝင်ရောက်နိုင်ပြီဆိုတဲ့ သတင်းတွေကြောင့် စစ်ရှောင်တချို့က ဝင်ရောက်စဉ် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

“ အဲ့လို ဖွင့်တယ်ဖွင့်တယ်ဆိုလို့ သွားကြတာပဲ၊ တစ်ဖက်ကဖွင့်ရင် တစ်ဖက်ကဖမ်းတာပဲ။ PDF ကဖွင့်ရင် စစ်တပ်ကဖမ်းတယ်” ထီးချိုင့်ဒေသခံတစ်ဦးက ပြောပြပါတယ်။

ထီးချိုင့်မြို့တွင်း တိုက်ပွဲတွေကြောင့် မြို့ပေါ်ဒေသခံ တစ်သောင်းကျော်ဟာ မောင်းကုန်း၊ တန်ကျည်တောင်၊ ရေရှင် ၊ လေသာ၊ အလယ်တော၊  ပေါက်ကုန်း၊ ကျက်သရေချောင်းရွာနှင့် တကောင်းမြို့တွေမှာ စစ်ဘေးရှောင်နေကြရတာလည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...