ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ

ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ
ပုံစာ... ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ပင်လည်ဘူးမြို့ ပေကုန်းရွာလက်နက်ကြီးတဲ့မြင်ကွင်း
ပုံစာ... ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ပင်လည်ဘူးမြို့ ပေကုန်းရွာလက်နက်ကြီးတဲ့မြင်ကွင်း

စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်း ၄ နာရီဝန်းကျင်လောက်ကနေစလို့ ပင်လည်ဘူးမြို့ပေါ်တပ်စွဲထား တဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ရာကနေ တိုက်ပွဲတွေပြင်းထန်နေတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ကတစ်ရက်တည်း လေကြောင်းအသုံးပြုပြီး ၇ ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးတော့ ဒီကနေ့လည်း မနက်ပိုင်း ၁၀ နာရီအထိကို လေကြောင်းအသုံးပြု တိုက်ခိုက် တာ ၄ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲကတော့ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ရဲစခန်းအပါအဝင် စာသင်ကျောင်းနဲ့ရိပ်သာတွေ အနီးတစ်ဝှိုက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး အရပ်သားတွေကတော့ မြို့တွင်းထဲမှာမရှိတော့ဘူးလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

“အခုတိုက်ပွဲဖြစ်နေတဲ့နေရာမှာတော့ ပြည်သူတွေမရှိတော့ပါဘူး၊ စကစနဲ့ ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေပဲရှိပါတယ် ထိခိုက်မှုကတော့ ကြီးကြီးမားမားမကြားသေးပါဘူး ကျနော်တို့လည်းမြို့ထဲ ကို ဝင်လို့ရတဲ့အနေအထားမဟုတ်တော့ ဘယ်လောက်ထိခိုက်တယ်ဆိုတာမမြင်ရသေးပါဘူး”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တွင်းနေအိမ်တချို့ပျက်ဆီးတယ်လို့ ပင်လည်ဘူးမြို့နယ်က ဒေသခံတွေက ဖေ့ဘုတ်စ်ကတဆင့်ရေးသားထားတာတွေတွေ့ရပေမဲ့ မြေပြင်အခြေနေကိုတော့ KNG ကအတည်မပြုနိုင်သေးပါဘူး။

ပင်လည်ဘူးမြို့နယ်မှာတော့ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ခမရ ၃၆၆ နဲ့ ခမရ ၃၇၀ တို့ တပ်စွဲထားကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...