စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးမှုများ

စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးမှုများ
ပုံ-Shwegu PDF
ပုံ-Shwegu PDF

နှစ်ပေါင်း ၃၀ ကျော်ရှိတဲ့ မံစီမြို့နယ် စီခမ်းကြီးဗျူဟာမြောက် တပ်စခန်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာများတယ်လို့ သိရပါတယ်။

အဲဒီစခန်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့စပြီး ထိုးစစ်ဆင်တိုက်ခိုက်ရာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိလိုက်တာဖြစ်ပါတယ်။

တိုက်ပွဲတွင်း သေဆုံးတဲ့ ရုပ်အလောင်းမှာ အသက်မပြည့်သေးတဲ့ စစ်မေတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

၂၀၂၄ နှစ်ဆန်းပိုင်းကနေ ရှမ်း- ကချင်အစပ် မဘိမ်းမြို့အပါအဝင် မံစီမြို့နယ်ထဲ စခန်း ၃ ခုကို KIAနဲ့ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာကာ ထွက်ပြေးသွားတဲ့သူအားလုံးလည်း စီခမ်းစခန်းမှာ စုနေကြတာကြောင့် အင်အား ၂၀၀ အထက်ရှိတဲ့ စခန်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိချိန်ထိလည်း စစ်တပ်ဘက်က လေကြောင်းနဲ့ ပစ်ခတ်နေသေးတာကြောင့် စစ်တပ်ဘက်က သေဆုံးထားတဲ့အလောင်းအားလုံး ကောက်ယူဖို့လည်း ခက်နေသေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...