စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးမှုများ

စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးမှုများ
ပုံ-Shwegu PDF
ပုံ-Shwegu PDF

နှစ်ပေါင်း ၃၀ ကျော်ရှိတဲ့ မံစီမြို့နယ် စီခမ်းကြီးဗျူဟာမြောက် တပ်စခန်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာများတယ်လို့ သိရပါတယ်။

အဲဒီစခန်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့စပြီး ထိုးစစ်ဆင်တိုက်ခိုက်ရာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိလိုက်တာဖြစ်ပါတယ်။

တိုက်ပွဲတွင်း သေဆုံးတဲ့ ရုပ်အလောင်းမှာ အသက်မပြည့်သေးတဲ့ စစ်မေတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

၂၀၂၄ နှစ်ဆန်းပိုင်းကနေ ရှမ်း- ကချင်အစပ် မဘိမ်းမြို့အပါအဝင် မံစီမြို့နယ်ထဲ စခန်း ၃ ခုကို KIAနဲ့ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာကာ ထွက်ပြေးသွားတဲ့သူအားလုံးလည်း စီခမ်းစခန်းမှာ စုနေကြတာကြောင့် အင်အား ၂၀၀ အထက်ရှိတဲ့ စခန်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိချိန်ထိလည်း စစ်တပ်ဘက်က လေကြောင်းနဲ့ ပစ်ခတ်နေသေးတာကြောင့် စစ်တပ်ဘက်က သေဆုံးထားတဲ့အလောင်းအားလုံး ကောက်ယူဖို့လည်း ခက်နေသေးတယ်လို့ သိရပါတယ်။

Most read this week

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...