ရွှေပြည်အေးကို ကာကွယ်ရေးတပ်တွေ ဒုတိယအကြိမ် ပြန်လည်ထိန်းချုပ်ထားနိုင်

ရွှေပြည်အေးကို ကာကွယ်ရေးတပ်တွေ ဒုတိယအကြိမ် ပြန်လည်ထိန်းချုပ်ထားနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒုတိယအကြိမ်ပြန်လည်ထိန်းချုပ်နိုင်ပြီလို့သိရပါတယ်။

စစ်ကောင်စီတပ် ၊ SNA တပ်တွေ နဲ့ ပျူစောထီး ပူးပေါင်းတွေပါဝင်တဲ့ အင်အား ၁၀၀ ခန့်က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရွှေပြည်အေးမြို့ထဲက အမှတ် (၁)နဲ့ အမှတ် (၂)ရပ်ကွက်ကို ထိန်းချုပ်လိုက်ပါတယ်။

အဲဒီနောက် ၁၀ ရက်ကျော်အကြာ နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာမှာ ရွှေပြည်အေးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်လိုက်နိုင်ခဲ့တယ်လို့ ဟုမ္မလင်းPDF မှတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

“မြို့ကိုတော့ခုထိချိန်ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။ ဒီဘက်ကပြန်ဆုတ်ပေးခဲ့ရတယ်ဆိုတာလည်း ဗျူဟာဆင်လိုက်တာပါ။ သူတို့ကိုမြို့ထဲပေးဝင်လိုက်တာသူတို့ ပြန်ထိုင်တာနဲ့ဒီဘက်က သူတို့ကိုဝိုင်းပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တာသူတို့ဘက်က အတော်လည်း အကျအဆုံးများသွားတယ် အဲ့ကြောင့်တပ်ပြန်ဆုတ်သွားကြတာ”လို့ပြောပါတယ်။

စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ ဟုမ္မလင်းကာကွယ်ရေးတပ်တွေဟာ ရွှေပြည်အေးမြို့အနီးဝန်းကျင်နဲ့ မယ်ဇလီရွာ၊ မြင်သာရွာ အနီးဝန်းကျင်တွေမှာ ဇန်နဝါရီ ၂၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများတာကြောင့် ဇန်နဝါရီ ၄ ရက်နေ့ ညပိုင်းကနေတော့ စစ်ကောင်စီပူးပေါင်းတပ်တွေ ဟုမ္မလင်း မြို့ထဲက ပြန်ဆုတ်သွားကြတယ်လို့သိရပါတယ်။

ရွှေပြည်အေးမြို့ကိုကာကွယ်ရေးတပ်တွေ လက်ရှိချိန်ထိထိန်းချုပ်ထားနိုင်ပေမယ့်မြို့ခံတွေကတော့ စစ်ဘေးရှောင် နေရဆဲ ဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

“ဝင်တာတော့ဘယ်သူမှမဝင်ရဲကြသေးဘူး ဘာလို့လည်းဆိုတော့လေယာဥ်တွေက နှစ်ရက်သုံးရက်ခြားခြားပြီးလာဝဲနေတာလေး ဗုံးကျဲမှာကြောက်တော့မဝင်ရဲကြသေးတာ”လို့ အသက် ၃၆နှစ်အရွယ်ရှိတဲ့အထက်ပါအမျိုးသမီးကပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာတော့ ကာကွယ်ရေးတပ်တွေက လက်ရှိရွှေပြည်အေးမြို့အပါ နောင်ပိုအောင် ကျေးရွာဘက် လွှစင်ကုန်းကျေးရွာတို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်

ရွှေပြည်အေးမြို့ကို ဟုမ္မလင်းPDF မဟာမိတ်တပ်ပေါင်းစုတွေက၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်လွတ်ခဲ့ရာကနေ ဒုတိယအကြိမ်ပြန်ထိန်းချုပ်နိုင်တာ လည်းဖြစ်ပါတယ်။

Most read this week

December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...