ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် PNLA တိုက်ပွဲထပ်မံဖြစ်ပွား

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် PNLA တိုက်ပွဲထပ်မံဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLA) တို့အကြား ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ( ဖေဖော်ဝါရီလ ၈) ရက်တွင် ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်တိုက်နယ်၊ ထီဗီကျေးရွာအနီး၌ အာဏာသိမ်း စစ်ကောင်စီ နှင့် PNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများက စစ်ရှောင်ထွက်ပြေး နေရကြောင်း လုံခြုံရေး အရ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မွန်းလွဲပိုင်း လောက်မှာ တိုက်ပွဲဖြစ်တာ၊ ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို PNLA က ကြိုတို လိုက်တာ။ လက်နက်ကြီး/ငယ်နဲ့  ပစ်ကြတာ တကယ့်ကို ကြောက်စရာကောင်းတယ်။ ရွာထဲကို လက်နက်ကြီး နှစ်လုံံးကျကွဲတယ်။ တစ်လုံးက ဘုန်းကြီးကျောင်းဘေးမှာကျကွဲတာ၊ ဒေသခံတွေလည်း စစ်ရှောင် ထွက်ပြေးရတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသအတွင်း ထိခိုက်ပျက်စီးမှုများကို မသိရသေးသလို PNLA မှ ကျေးရွာ အတွင်း နှင့် အနီးတစ်ဝိုက်၌ ဆက်လက်နေရာယူထားဆဲဖြစ်ကြောင်း အထက်ပါ အမျိုးသားကဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် PNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း မြေပြင် ပစ်ခတ်မှုအပြင် လေကြောင်းလိုင်းဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးနေရသူများသည် ဆီဆိုင်မြို့ပေါ်ရပ်ကွက် နှင့် လုံးဖိုး၊ လွယ်သောဝ်၊ လွယ်ထွယ် ၊  မီးရဲ့၊ တောင်းတပ်၊ နောင်ဟုဲင်း စသည့်ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံ ၄၀၀၀၀၉ဖြစ်ကြပြီး  ကက္ကူကျေးရွာ နှင့် အနီးတဝိုက်၊ တောင်ကြီးမြို့၊ ဟိုးပုံးမြို့ နဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိရာအပြင် ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းတို့တွင် ခိုလှုံနေထိုင်ကြရကြောင်းလည်း သိရသည်။

လက်ရှိတွင် တိုက်ပွဲ အခချိန်ကြာလာသည် နှင့် အမျှ၊ နေရပ်မပြန်နိုင်ကြသေးသည့်အတွက်ကြောင့် အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“တိုက်ပွဲက မငြိမ်သွားတဲ့ အပြင် ပိုပိုပြီး ပြင်းလာတော့ စစ်ရှောင်တွေလည်း တိုးလာတယ်။ အခုဆို နေရာက ကြပ်လာသလို၊ စားဖို့သောက်ဖို့၊ အလေးအပေါ့သွားဖို့ စတာတွေအတွက်လည်း ခက်ခဲလာတယ်။ တချို့ဆိုလည်း တိုက်ပွဲဖြစ်ပြီးကတည်းက အဝတ်တထည် ကိုယ်တခုနဲ့ စစ်ရှောင်လာကြတာ ဘာမှမယူခဲ့တာလည်းရှိတယ်။ အဲ့ကြောင့် စစ်ရှောင်တွေအတွက် အကူအညီရရင်တော့ ကောင်းတာပေါ့” ဟု အထက်ပါ အမည်မဖော်လိုသူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုကြောင့် ဘာသာ‌ရေး အဆောက်အဦး ၄ခု နှင့် အရပ်သားနေအိမ် ၃၂လုံး အထိ ထိခိုက်ပျက်စီးသွား ကြောင်း Pa-o Youth Organization မှ ထုတ်ပြန်ထားသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...