ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် KIA၊ PDF များကို ခြိမ်းခြောက်စာဖြန့်တာ ဦးရွှေမင်း ဟုတ်/ မဟုတ်အကြောင်းပြန်ဖို့ သတိပေး

ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် KIA၊ PDF များကို ခြိမ်းခြောက်စာဖြန့်တာ ဦးရွှေမင်း ဟုတ်/ မဟုတ်အကြောင်းပြန်ဖို့ သတိပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တစ်ချို့ဈေးတွေမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့အမည်နဲ့ ဗိုလ်ချုပ်ဂွန်မော်အပါအဝင် KIA၊ PDF များကို အသက်အန္တရယ်အထိ ခြိမ်းခြောက်ထားတဲ့စာတွေ ဒီကနေ့မနက်ပိုင်းမှာ ပြန့်နှံ့နေတာဖြစ်ပါတယ်။

အဲဒီသတိပေးစာထဲမှာတော့" ဗိုလ်ချုပ်ဂွန်မော်ရဲ့ နောက်လိုက်နွား PDF များနဲ့ ယောင်ဝါးအသင်းတော်ဆရာများ မြစ်ကြီးနားမြို့ထဲကနေ ၁၀ ရက်အတွင်းထွက်သွားကြဖို့နဲ့ ထွက်သွားခြင်းမရှိဘူးဆိုရင် ဂွမ်မော်မိသားစုများနဲ့အတူ ဦးဆောင်တဲ့အခြောက်အဖွဲ့ကို သုတ်သင်ပယ်ရှင်းသွားမယ်" ဆိုပြီး ရေးထားတာတွေ့ရပါတယ်။

ဒါ့အပြင် သတိပေးစာမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ ခေမာသီရိရပ်ကွက်မှာရှိတဲ့ ရွှေမင်းပြည်သူ့စစ်နေအိမ်ကို ဘယ်သူဘယ်ဝါလာပစ်သွားတာဆိုတာ သိရှိထားပြီးကြောင်းလည်း ပါရှိပါတယ်။

ဒီသတိပေးစာနဲ့ပတ်သက်ပြီး KIO ဒုဗိုလ်ချုပ်ကြီးဂွန်မော်ဘက်ကလည်း ဦးရွှေမင်းကို ဦးတည်ပြီး ထပ်ဆင့်သတိပေးတဲ့အကြောင်း ဗိုလ်ချုပ်ဂွန်မော်ရဲ့ လူမူကွန်ယက်စာမျက်နှာမှာ ခုလိုဖော်ပြထားပါတယ်။

"မြစ်ကြီးနားမြို့မှာ ဖြန့်ဝေနေတဲ့စာဟာ ဦးရွှေမင်း ထုတ်ပြန်တဲ့စာ ဟုတ်/ မဟုတ် ဖေဖော်ဝါရီလ ၈ ရက်နေ့ နောက်ဆုံးထားပြီး ဖြေရှင်းဖို့ဆိုထားပြီး သတ်မှတ်ရက် ဖြေရှင်းတာမရှိဘူးဆိုရင် ဦးရွှေမင်းထုတ်ပြန်တဲ့စာ ဖြစ်ကြောင်းမှတ်ယူမယ်" လို့ ရေးသားထားပါတယ်။

အဲဒီစာဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်း မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မြေမြင့် ကွက်သစ် ၊ ဂျန်မိုင်ကောင်၊ အေးမြသာယာ၊ လမ်းမတစ်‌လျှောက်အပြင် ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းဘေးနားမှာ ပြန့်ကျဲနေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...