စစ်ကောင်စီတပ်နှင့် PNA တပ်သားအတွက် ညောင်ရွှေဒေသခံ နေ့စဥ်ထမင်းပို့နေရ

စစ်ကောင်စီတပ်နှင့် PNA တပ်သားအတွက် ညောင်ရွှေဒေသခံ နေ့စဥ်ထမင်းပို့နေရ

သျှမ်းပြည် ညောင်ရွှေမြို့ရှိ စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNA)တပ်သားများကို ဒေသခံများက နေ့စဥ်ထမင်းပို့နေရသဖြင့် အခက်အခဲဖြစ်နေကြာင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ်ရှိ မှော်ဘီလမ်းစုံ အဝိုင်းပတ်တောင်ဘက်ရှိ စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်သားများနှင့် PNA တပ်သားများအတွက် ထမင်းထုပ်ကို တစ်အိမ်တစ်ထုပ် ရက်တိုင်း ပို့ဆောင်ပေးနေရသောကြောင့် ဒေသခံများအတွက် စားဝတ်နေရေး အခက်ခဲရှိလာကြောင်းသိရှိရပါသည်။

“နေ့တိုင်းပို့ရတယ်။ ကိုယ်စားဖို့က အသာထား သူတို့အတွက်ကို ဦးစားပေး လုပ်နေရတယ်။ မဟုတ်ရင် သူတို့က မထင်ရင် မထင်သလို ဆဲတယ်။ အကြာင်းမရှိ အကြောင်းရှာပြီး မပစ်သတ်ဘူးလို့ပြောမရဘူးလေ"ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ထိုသို့ ပို့ဆောင်နေရသည်မှာ ၅ လခန့် ကြာမြင့်ပြီဖြစ်ပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ ပို့ဆောင်နေရတာကြောင့် ဒေသခံများတွက် စားသောက်ရေးပါ အခက်အခဲရှိလာပြီး လုံခြုံရေးအရလည်း စိတ်ပူနေရကြောင်းကို အခုလိုပြောပြထားသည်။

" ကိုယ်စားဖို့တောင် အနိုင်နိုင်ဆိုနေမှ သူတို့ကို ပို့နေရတော့ စားဖို့ဘယ် ကျန်တော့မှာလဲ။ ခေတ်ကာလကလည်း မကောင်း ပိုက်ဆံရှာဖို့ကခက်တော့ ဝင်ငွေကမရှိနဲ့ အဆင်မပြေနေဘူး။"ဟု ထိုအမျိူးသားက ထပ်ဆင့်ပြောထားသည်။

ဒေသခံများသည် ဆန်အိတ်ကို တစ်အိတ်သာ သယ်ဆောင်ခွင့်ရှိပြီး တစ်အိတ်ထက်ပိုလျှင် ကရင်နီပြည်ဘက်သို့ ထောက်ပံ့နေသည်ဟု စွပ်စွဲ ပြောဆိုမှုများလုပ်ကာ ပြန်သိမ်းသွားကြောင်း ဒေသခံများထံမှ သိရပါသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...