ဘလောင်ဒိန်ဆာတပ်စခန်းသိမ်းပိုက်ကြောင်း ဗိုလ်မှူး‌ကြီးနော်ဘူ အတည်ပြု

ဘလောင်ဒိန်ဆာတပ်စခန်းသိမ်းပိုက်ကြောင်း ဗိုလ်မှူး‌ကြီးနော်ဘူ အတည်ပြု

ကချင်ပြည်နယ် မံစီမြို့နဲ့ မန်ဝိန်းကြား ဘလောင်ဒိန်ဆာ တပ်စခန်းကို ( ဒေသအခေါ်) ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်တွေ ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ ကပြောပါတယ်။

ဘလောင်ဒိန်ဆာ တပ်စခန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ စတင်တိုက်ခိုက် ခဲ့ရာကနေ ဖေဖော်ဝါရီ ၂ ရက်နေ့ ဒီကနေ့မနက် ဝင်ရောက်သိမ်းပိုက် လိုက်တာဖြစ် တယ်လို့ ပြောပါတယ်။

“သတင်းအပြည့်အစုံတော့ မသိရသေးဘူး၊ ဒီကနေ့ မနက် ၇နာရီ ၄၅ မိနစ်လောက်မှာ သိမ်းပိုက်လိုက်နိုင်တယ် ဆိုတာလောက်ဘဲ သိရသေးတယ်”လို့ပြောပါတယ်။

ဘလောင်ဒိန်ဆာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာမှာ‌ တော့ လက်နက်ကြီးတွေနဲ့ဒရုန်းတွေကို အဓိကအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရှေ့တန်းရဲဘော်တွေ ဆီကနေ သိရပါတယ်။

အဲ့ဒီတပ်စခန်းကို KIA တပ်မ ၁၊ တပ်မ ၁၂၊ တပ်မ ၂၇ နဲ့ KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခု သိမ်းပိုက်ခဲ့တဲ့ ဘလောင်ဒိန်ဆာ တပ်စခန်းဟာ ကိုင်းထိပ်မြို့ရဲ့ တောင်ဘက်ခြမ်း ၅ မိုင်လောက်ဝေးတဲ့ နေရာမှာရှိပြီး ကိုင်ထိပ်တပ်စခန်းကို သိမ်းပိုက်ပြီးတာနဲ့တစ်ပြိုင်နက် အဲ့ဒီတပ်စခန်းကို ပြန်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကိုင်းထိန်မြို့ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ တိုက်ပွဲတွေဖြစ်လာတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ အတွက် နေအိမ်အကုန်ပျက်စီးနေပြီဖြစ်ပါတယ်။

ကိုင်းထိပ်ဒေသခံတွေဟာ ဗန်းမော်၊ မံစီ၊ မန်ဝိန်းကြီး၊ အင်ဘာပါ၊ လနာဇွပ်ဂျာ စတဲ့မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့တာ အခုဆိုရင် ၁၀နှစ်ကျော်ပြီဖြစ်ပါတယ်။

အခုလို ကိုင်းထိပ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တဲ့အပေါ် ဝမ်းမြှောက်ကြောင်း ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...