မြစ်ဆုံ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား လုပ်ငန်းရှင်တစ်ချို့ရွှေတူးဖို့ပြင်ဆင်နေ

မြစ်ဆုံ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား လုပ်ငန်းရှင်တစ်ချို့ရွှေတူးဖို့ပြင်ဆင်နေ

မြစ်ဆုံဒေသ တန်ဖရဲကျေးရွာ သမိုင်းဝင်နေရာ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြားက လုပ်ငန်းရှင်တချို့ စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်ရေး လုပ်ငန်း ဝင်ရောက်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေပြောပါတယ်။

တန်ဖရဲချောင်းစီးဝင်တဲ့နေရာ ဧရာ၀တီမြစ်ဘေး လုပ်ငန်းရှင်တွေဘက်က ဇန်နဝါရီ ၃၁ မနေ့က ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIA/KIO ရဲ့ခွင့်ပြုချက်နဲ့ဟုဆိုကာ ရက်ပိုင်းအတွင်း လုပ်ငန်းစဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“တန်ဖရဲချောင်းရှိလို့ တန်ဖရဲရွာဖြစ်လာတယ်။ တန်ဖရဲချောင်းနဲ့မြစ် ဆုံရာမှာ အခုရွှေတူးဖို့လုပ်နေတယ်။ ရွာသားတချို့စုပေါင်းပြီး ဒီသမိုင်းဝင်နေရာမှာ ရွှေမတူးဖို့ ကန့်ကွက်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လက်မခံဘူး။ လုပ်ငန်းရှင်တွေဘက်က ရွာကိုယ်စားလှယ်တစ်ယောက်ရှာပြီး ရွာသားတချို့ရဲ့လက်မှတ်လိုက်ယူပြီး KIA ဆီ တင်ပြတယ်။ ဟိုဘက်ကလည်း ရွာသားတွေလက်ခံရင်တော့ တူးကြတော့ဆိုပြီး ခွင့်ပြုလိုက်တာတဲ့။ ဒီနေရာဟာ လုံး၀ရွှေမတူးဖို့ ကန့်ကွက်ထားတဲ့နေရာဖြစ်တယ်” ဟု မြစ်ဆုံဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက တန်ဖရဲကျေးရွာအနီး တန်ဖရဲချောင်းနဲ့မြစ်ဆုံတဲ့ကမ်းစပ်တစ်လျှောက် ရွှေတူးဖော်ဖို့ လုပ်ငန်းရှင်တွေက KIA တပ်ရင်း ၁၁ ထံ အရင်ဦးဆုံး ခွင့်ပြုချက်တောင်းခဲ့ကြောင်း သူကပြောပါတယ်။

ထို့သို့ KIA ထံခွင့်ပြုချက်တောင်းချိန် ရွာသားတွေနဲ့ အရင်ပြေလေအောင်လုပ်ဖို့ လုပ်ငန်းရှင်တွေကို KIA ဘက်ကပြောဆိုလိုက်တာကြောင့် လုပ်ငန်းရှင်တွေက ရွာလူကြီးတွေထံ စတင်ချဉ်းကပ်ခဲ့တယ်လို့ ရွာသားတွေပြောပါတယ်။

ဒါ‌ကြောင့် ရွာလူကြီးတွေဘက်က ဘာသာရေးခေါင်းဆောင်တွေအပါ ရွာသားတချို့ကို ခေါ်ယူပြီး လုပ်ငန်းရှင်တွေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းပိုင်းက ၂ ကြိမ်တိုင် တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

“ပထမတွေ့ဆုံတဲ့အခါ ရွာလူကြီးက ဒီနေရာမှာ ရွှေတူးဖော်မှာဖြစ်တာကြောင့် ကယ်..ရွာသားတွေဘာတောင်းဆိုချင်တာလဲ။ RC တွေ၊ KBC တွေ၊ AG ၊ ဗုဒ္ဓ စသဖြင့် ဘာသာရေးအဖွဲ့တွေဘက်ကရော ဘာတောင်းဆိုချင်တာလဲ ဆိုပြီး တင်ပြခိုင်းတယ်။ ရွာအတွင်း လမ်းတွေ ပြုလုပ်ပေးမယ်တဲ့။ အောင်မြင်သာရွာတွေမှာ လမ်းတွေပြုလုပ်ပေးမယ်တဲ့ အဲ့လိုစည်းရုံးတယ်။အဲ့လိုနဲ့ ရွာသားတချို့ကို စည်းရုံးပြီး လက်မှတ်တချို့ယူတယ်”လို့ သူကဆက်ပြောပါတယ်။

April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...
April 21, 2026
စစ်အစိုးရ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ ကိန်းဂဏန်းမှာ အတုအယောင်သာဖြစ်ဟု...
April 21, 2026
မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာကြောင့်...