စစ်ရှုံးနေသည့် စစ်ကောင်စီ လားရှိုးမြို့တွင် အခြေခံစစ်ပညာသင်တန်း ပေးနေ

စစ်ရှုံးနေသည့် စစ်ကောင်စီ လားရှိုးမြို့တွင် အခြေခံစစ်ပညာသင်တန်း ပေးနေ

စစ်ရေးအဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် လားရှိုးမြို့တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းပေးနေကြောင်း သတင်းရရှိသည်။

လားရှိုးပြည်သူ့စစ် (ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းကို  ဇန်နဝါရီလ ၂၉ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက်၁၂ မိုးလုံ လေလုံ အားကစားရုံတွင် သင်တန်းသား ၁၀၉ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်းဒေသခံတစ်ဦးက သျှမ်းသံတော်ငဆ့်ကိုပြောသည်။

“ဟုတ်တယ် မိုးလုံလေလုံကွင်းမှာ သူတို့ စစ်သင်တန်းက ကို မနေ့က စဖွင့်တာ။ဘယ်သူကိုမှ ပေးမဝင်ဘူး၊ လူများတယ်။ ဘယ်က ခေါ်လာလည်းဆိုတာ မသိဘူး။ဟု  အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ရပ်ကွက်တစ်ခုလျှင် လူ ၁၀ ဦးအတွက် ထောက်ပံ့ကြေးငွေ ၃ သိန်းမှ ၅ သိန်းကျပ်အထိ ပေးရမည်ဖြစ်ပြီး လူစာရင်းများကောက်ကာ အိမ်ထောင်စု စာရင်းမိတ္တူများကို သက်ဆိုင်ရာ အာဏာပိုင်များက ယူသွားကြောင်း ၎င်း‌ကပြောသည်။

သျှမ်းပြည်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၊ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး တပ်စခန်းပေါင်းများစွာနှင့် လူဦးရေများစွာ ကျရှုံးခဲ့ကြောင်း သိရသည်။

ထိုကြောင့်စစ်ကောင်စီကပြည်သူ့ စစ်သင်တန်းကိုဖွင့်လှစ်၍ လားရှိုးဒေသခံများကိုမိမိရပ်ရွာလုံခြုံရေးဆိုသည့် ခေါင်စဉ်ဖြင့် ခေါ်ယူနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ခုနစ် စက်တင်ဘာလ ၁၀ ရက်တွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် ပြည်သူ့စစ်အဖွဲခေါင်းဆောင်များကို စစ်ကူတိုက်ပေးရန် လားရှိုးမြို့တွင် သွားရောက်တွေ့ဆုံ စည်းရုံးမှုများပြုလုပ်ခဲ့သည်။

သျှမ်းပြည် မြောက်ပိုင်းတွင် ပြီးခဲ့သည့် နို၀င်ဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ် တပ်များ၏ ‘၁၀၂၇ စစ်ဆင်ရေး’ ရက်ပေါင်း ၃လ ကျော် တိုက်ပွဲများ အတွင်း စစ်ကောင်စီ တပ်အင်အား ၁,၀၀၀ ကျော် ပြုန်းတီးခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...