တောင်ကြီးတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကျောင်း စာမေးပွဲရက်ရွှေ့

တောင်ကြီးတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကျောင်း စာမေးပွဲရက်ရွှေ့

တောင်ကြီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစိုးရိမ်မှုရှိသဖြင့်  အခြေခံပညာကျောင်းအချို့ စာမေးပွဲရက်ရွှေ့ ဆိုင်းထားကြောင်း ကျောင်းသားနှင့်မိဘများက ပြောသည်။

တောင်ကြီးမြို့နယ်နှင့် မိုင်၂၀ ခန့်သာဝေးကွာသော ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ဇန်နဝါရီနောက်ဆုံးပတ်တွင်း တိုက်ပွဲများစတင်ခဲ့သည်။

ထို့ကြောင့် တောင်ကြီးမြို့နယ်အတွင်းကို စစ်မီးကူလာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အမှတ်( ၁၀)အခြေခံ ပညာအထက်တန်းကျောင်း စာမေးပွဲဖြေဆိုမည့်ရက်များကို ရွှေ့ပြောင်းထားကြောင်း အထက်တန်းကျောင်းသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စာမေးပွဲဖြေဖို့ ပြောထားက ဒီလကုန် ပြောထားပြီး တိုက်ပွဲတွေကြောင့် ရက်က နောက်လ ၁၃ ရက်ထွက်ထားတယ်ပြောတာပဲ အပြောင်းအလဲရှိရင်ပြန်ပြောမယ်ပြောတယ်။”ဟု ၎င်းကပြောသည်။

တစ်နှစ်ပတ်သာ တက်လာသော ပညာရေးများကို တိုက်ပွဲကြောင့် နောက်ဆုံးစာမေးပွဲမဖြေရမည်ကို စိုးရိမ်ကြကြောင်း ကျောင်းသား၊ ကျောင်းသူများက ပြောသည်၊

စစ်ကောင်စီနှင့်လက်အောက်ခံ ရှမ်းဝန်ကြီးချုပ်က တောင်ကြီးမြို့နယ်ရှိ ပညာရေးဝန်ထမ်းများကို အသင့်ရှောင်နိုင်ဖို့ ပြင်ဆင်ခိုင်းထားကြောင်း သိရသည်။

တောင်ကြီး ဆေးတက္ကသိုလ်အတွင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စစ်ကောင်စီက တပ်စွဲထားကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

ထို့ပြင် အထူးဒေသ ( ၆ )အတွင်းရှိ ကျေးရွာအုပ်စုများကို စစ်ကောင်စီလက်အောက်ခံ PNA က လက်နက်တပ်ဆင်ပေးထားကြောင်း သိရသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...