နမ္မတူမြို့ နဲ့ နမ့်ဆန်ကို စားသောက်ကုန်တစ်ချို့နဲ့ ဆေးဝါးတွေ ဖြတ်သန်းသယ်ယူခွင့်မပေး

နမ္မတူမြို့ နဲ့ နမ့်ဆန်ကို စားသောက်ကုန်တစ်ချို့နဲ့ ဆေးဝါးတွေ ဖြတ်သန်းသယ်ယူခွင့်မပေး

ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA က သိမ်းပိုက်ထားတဲ့ နမ္မတူမြို့နဲ့ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က ဆန်၊ ဆီ၊ ဆား၊ စက်သုံးဆီ နဲ့ ဆေးဝါးတွေဖြတ်သန်းသယ်ယူခွင့်မပေးဘူးလို့ ဒေသခံ တွေဆီကသိရပါတယ်။

TNLA သိမ်းပိုက်ထားတဲ့ နမ္မတူမြို့နဲ့ နမ့်ဆန်မြို့ကို ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေမှာ စစ်ကောင်စီတပ်က ပိတ်ပြီးစစ်ဆေးနေတာဖြစ်ပြီး အဲ့ဒီလို အခြေခံစားသောက်ကုန်တစ်ချို့နဲ့ စက်သုံးဆီဖြတ်သန်းခွင့်မပေးတဲ့ အတွက် အရပ်သားတွေ အတော်လေးဒုက္ခရောက်ကြရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

“ခရီးသည်တွေကိုတော့ပေးသွားတယ် ကုန်ပစ္စည်းတွေဘာတွေနဲ့ ကားအသေးတွေသွားနေတာတွေရှိတယ် ဒါပေမယ့် ဆန်လုံးဝပေးမတင်ဘူး၊ ဆီရောပဲ ဆီဆို စားသုံးဆီရော စက်သုံးဆီရော၊ ဆေး လုံးဝပေးမတင်ဘူး တင်းတင်းကြပ်ကြပ်ကို ဂိတ်တွေပိတ်ပြီးလုပ်နေတာ အခုက နမ္မတူနဲ့နမ့်ဆန်မြို့နယ်မှာရှိတဲ့ လူထုက အကြီးအကျယ်ဒုက္ခရောက်နေတာ”လို့ ပြောပါတယ်။

နမ္မတူမြို့ နဲ့ နမ့်ဆန်မြို့ကိုတော့ လားရှိုး–မန်စံလမ်း၊ သီပေါ–ပန်လုံလမ်း နဲ့ ကျောက်မဲ– မိုင်းငေါ့လမ်း စတဲ့ လမ်းကြောင်း ၃ ခုကနေ ဖြတ်သန်းသွားရတာဖြစ်ပါတယ်။

လားရှိုး–မန်စံလမ်းပိုင်းမှာတော့ မြို့ရှောင်တိုးဂိတ်နဲ့ မြို့ရှောင်လမ်း AD တံတားဂိတ်တွေမှာ စစ်ကောင်စီ တပ်က ဂိတ်ချစစ်ဆေးပြီး၊ သီပေါ–ပန်လုံ လမ်းပိုင်းကနေတော့ ဘယ်ကားမဆို စစ်ကောင်စီတပ်က ပေးမထွက်တော့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်လမ်းပိုင်းတစ်ခုဖြစ်တဲ့ ကျောက်မဲ–မိုင်းငေါ့လမ်းပိုင်းမှာဆိုရင်တော့ ငြိမ်းချမ်းရေးကုန်း ရပ်ကွက်အနီးက လမ်းပိုင်းကို စစ်တပ်က ဂိတ်ချစစ်ဆေးနေပြီး အဓိက သယ်ယူလာတဲ့ပစ္စည်းတွေကို စစ်ဆေးတယ်လို့ အဲ့ဒီလမ်းပိုင်းတွေကိုအသုံးပြုနေတဲ့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ အဲ့ဒီလမ်းပိုင်းတွေကို အသုံးပြုသွားတဲ့အချိန်မှာလည်း ကုန်ကျစရိတ်က အရင်ကထက် ၁၀ ဆ နီးပါးလောက် မြှင့်တက်သွားတယ်လို့ဆိုပါတယ်။

“သီပေါ–ပန်လုံ လမ်းကတော့ လုံးဝပေးမဖြတ်တော့ဘူးပေါ့ လားရှိုးဘက်ကဆိုရင် တောလမ်းတွေကနေ ပတ်သွားရတော့ ကုန်ကျစရိတ်က ၁၀ဆနီးပါးလောက်မြှင့်သွားတယ် ကုန်ဈေးနှုန်းတွေကလည်းကြီးပေါ့ ဆီတစ်လီတာကို ၇၀၀၀ လောက်ရှိတယ် ရိုးရိုးဆန်ကြမ်းကို ၁သိန်း၂သောင်းလောက်ရှိတယ်” လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

နမ့်ဆန်မြို့နယ်ဟာ ကုန်ပစ္စည်းတွေကို ကျောက်မဲမြို့နယ်ကနေ အဓိက သယ်ယူလေ့ရှိပြီး နမ္မတူမြို့နယ် ကတော့ လားရှိုးမြို့နယ်ဘက်ကနေ အဓိက သယ်ယူတာဖြစ်တဲ့အတွက် အဲ့ဒီလမ်းပိုင်းတွေကနေ စစ်ကောင်စီ တပ်က အခြေခံစားသောက်ကုန်တစ်ချို့နဲ့ စက်သုံးဆီတွေ သယ်ယူခွင့်မပေးတော့တဲ့အတွက် ရေရှည်မှာ အရပ်သားတွေ အတွက် စိုးရိမ်စရာအခြေနေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တအာင်းတပ်မတော် TNLA ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က နမ္မတူမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပြီး နမ့်ဆန်မြို့ကိုတော့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာပဲ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါ တယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...