စစ်အာဏာရှင် အမြစ်မပြတ်သရွေ့ ပြည်သူနှင့်အတူ ရှိနေမည်ဟု ညီနောင်သုံးဖွဲ့ဆို

စစ်အာဏာရှင် အမြစ်မပြတ်သရွေ့ ပြည်သူနှင့်အတူ ရှိနေမည်ဟု ညီနောင်သုံးဖွဲ့ဆို
၁၀၂၇ စစ်ဆင်ရေးအတွင်း မြင်တွေ့ရသော ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။
၁၀၂၇ စစ်ဆင်ရေးအတွင်း မြင်တွေ့ရသော ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်များ။

မြန်မာပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဆန္ဒဖြစ်သော စစ်အာဏာရှင်အမြစ်မပြတ်သရွေ့ ပြည်သူများနှင့်အတူ တစ်သွေးတည်း၊ တစ်သားတည်း ရှိနေမည်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၁)နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဆိုသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/ TNLA)၏ (၆၁) နှစ်မြောက် တော်လှန်ရေးနေ့တွင် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့မှပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားခြင်းဖြစ်သည်။

တအာင်းတော်လှန်ရေး (၆၁) နှစ်ပြည့်ချိန်တွင် TNLA ၏ နိုင်ငံရေးရည်မှန်းချက်များမှာ အလုံးစုံ မဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုထိ ပြီးပြည့်စုံသောအခြေအနေသို့ ရောက်ရှိလာခဲ့ပြီဟု အပြည့်အဝ ယုံကြည်ကြောင်း ညီနောင်နှစ်ဖွဲ့က ဆိုထားသည်။

“တစ်ဖွဲ့၏ အခက်အခဲသည် အားလုံး၏ အခက်အခဲ၊ တစ်ဖွဲ့၏ အောင်မြင်မှုသည် အားလုံး၏ အောင်မြင်မှု ဖြစ်သည်” ဟူသော ခံယူချက်များဖြင့် တစ်ဖွဲ့ချင်း၏ အိပ်မက်၊ ဘုံအိပ်မက်များကို စည်းလုံးညီညွတ်စွာဖြင့် မရ,ရအောင် ရယူကြရအုံးမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။  

PSLF/ TNLA နှင့် တအာင်းအမျိုးသားတို့၏ (၆၁) နှစ်မြောက် တော်လှန်ရေးနေ့တွင် တအာင်းတစ်မျိုးသားလုံး မျှော်မှန်းသည့် အလုံးစုံသောအိပ်မက်များကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်ပါစေကြောင်း MNDAA နှင့် AA တို့က ဆုမွန်တောင်းပေးထားသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှစ၍ စစ်အာဏာရှင် အမြစ်ပြတ်ရေး စစ်ဆင်ရေးဆင်နွှဲနေကာ စစ်ကောင်စီ၏ တပ်စခန်းကြီး/ငယ်များနှင့် မြို့ကြီးများကို ထိုးစစ်ဆင်သိမ်းပိုက်နေသည်။

လက်ရှိတွင် တရုတ်၏ သုံးကြိမ်တိုင် ကြားဝင်ညှိနှိုင်းမှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် ဇန်နဝါရီ ၁၁ ရက်မှစ၍ စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့ကြား ယာယီအပစ်ရပ်စဲရန် သဘောတူခဲ့ကြသည်။

သို့သော်လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့သည် မြန်မာပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက် စစ်အာဏာရှင်အမြစ်မပြတ်သရွေ့ ပြည်သူများနှင့်အတူ တစ်သွေးတည်း၊ တစ်သားတည်းရှိနေမည် ဖြစ်ကြောင်းကို သဝဏ်လွှာမှတစ်ဆင့် ယနေ့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...