စစ်ကိုင်းတိုင်း ကနန်ကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရဖြစ်စဉ် အရေးယူနိုင်သည်အထိ လုပ်ဆောင်မည်လို့ NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း ကနန်ကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရဖြစ်စဉ် အရေးယူနိုင်သည်အထိ လုပ်ဆောင်မည်လို့ NUG ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ကနန်ကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အရပ်သား (၁၇) ဦးအထိသေဆုံးကြောင်း NUG က မနေ့က ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကနန်းကျးရွာဟာ PDF များနှင့် တိုင်းရင်းသားမဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့နှင့် တစ်မိုင်ဝန်းကျင်အကွာမှာ ရှိတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က ကနန်ကျေးရွာရှိ  တနင်္ဂနွေဘုရားဝတ်ပြုကျောင်းပေါ်  စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ NUG ကဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်မှ ၁၇ နှစ်အောက်အရွယ် ၉ ဦးပါဝင်နေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးအထိ ရှိနေတာလည်းဖြစ်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ လေကြောင်းမှ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ အမိန့်ပေးစေခိုင်းသူ ၊ကျူးလွန်သူ ၊ အားပေးအားမြောက်လုပ်သူတွေကို ပြည်တွင်း တရားစီရင်ရေးနဲ့ ဖမ်းဆီးအရေးယူသွားဖို့ လုပ်ဆောင်သွားမယ်လို့ တစ်ပါးတည်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် နဲ့ အာဆီယံ ဘုံသဘောတူညီချက် တွေကို လေးစားလိုက်နာခြင်းလုံးဝမရှိတဲ့ စစ်ဘက်အရပ်ဘက်ဆိုင်ရာ ဥပဒေ နဲ့ သဘောတူညီချက် စာချုပ်တွေကို ချိုးဖောက်နေတယ်လို့ NUG က ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉  ရဲ့နောက်ဆက်တွဲအနေနဲ့  စီးပွားရေးပိတ်ဆို့မှုများ၊ လေယာဉ်ဆီ နဲ့ လက်နက်ခဲယမ်းတင်ပို့မှု ပိတ်ဆို့ရေးစတဲ့ ဆုံးဖြတ်ချက်အသစ်တွေပေါ်လာဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ ပြောဆိုထားပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး (MPM) ရဲ့ စာရင်းတွေအရ  ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းက ရက်ပေါင်း ၁၃၄ ရက်နီးပါး လေကြောင်း တိုက်ခိုက်ခံခဲ့ရပြီး အများဆုံးမှတ်တမ်းတင်ခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...