သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသ စစ်ဘေးရှောင် ၉ ထောင်ကျော်ရှိလာ

သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသ စစ်ဘေးရှောင် ၉ ထောင်ကျော်ရှိလာ

သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် လူဦးရေ ၉ ထောင်ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း စစ်ရှောင်ကော်မတီများထံမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက်မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲများကြောင့် ဒေသခံများသည် မိမိနေရပ်အိုးအိမ်ကို စွန့်ပစ်ပြီး ဘေးလွှတ်ရာ မြို့နယ်အသီးသီးသို့ ထွက်ပြေးတိမ်း ရှောင်နေရဆဲ ဖြစ်သည်။

လက်ရှိ စစ်ဘေးရှောင် စုစုပေါင်း ၉ ထောင်ကျော်ထဲတွင် နမ့်ခမ်းမြို့မှ ၃,၇၉၀ ဦး၊ မူဆယ်မြို့မှ ၂,၂၃၂ ဦးနှင့် ရွှေလီမြစ်ဘေးရှိ သျှမ်းရွာ (၁၉) ရွာအုပ်စုမှ ၃,၃၆၈ ဦးတို့ ဖြစ်ကြသည်။

“တချို့တွေလည်း နေရပ်ပြန်သွားတဲ့သူတွေ ရှိတယ်။ ပြန်လို့ရတဲ့သူတွေက ပြန်ပေါ့နော်။ ဒါပေမယ့် တချို့တွေကပဲ ပြန်နိုင်တာပါ။ အများစုတော့ မပြန်နိုင်သေးဘူး။ အခုအခြေအနေကို စောင့်ကြည့် နေရတုန်းပဲ။ ဒီရက်ပိုင်း တိုက်ပွဲငြိမ်နေတယ်ဆိုပေမယ့် ဆက်လက်လာနိုင်တဲ့ အလားအလာရှိနေတယ်”ဟု စစ်ဘေးရှောင် ကော်မတီတစ်ဦးက ပြောသည်။

တိုက်ပွဲကြားပိတ်မိနေသည့် မန္တလေးမြို့၊ လားရှိုးမြို့နယ်၊ သီပေါနှင့် ကျောက်မဲ ဒေသခံများသည် ယခင်က အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသော လမ်းပိုင်များအား ပြန်လည်အသုံးပြုပြီး နေရပ်ပြန်သွားကြသည်။  

တစ်ဖက်တွင် စစ်ဘေးရှောင်စခန်းမှနေ၍ မူဆယ်မြို့ရှိ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ထံ တစ်ခါသုံးကတ် TBP ပြုလုပ်ပြီး တရုတ်ပြည်ရွှေလီမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်နေကြောင်း မူဆယ်မြို့ဒေသခံ တစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေတော့ နေ့တိုင်းတရုတ်ပြည်ဘက်ကို ဝင်နေတယ်။ တချို့က အနီရောင် စာအုပ်မရှိလို့ တစ်ခါသုံးကတ်ပြုလုပ်ပြီး ဝင်နေတယ်။ အလှည့်ကျပြီး ဝင်နေတာပေါ့။ ပုံမှန်ကတော့ ကျပ်ငွေ ၂ ထောင်လောက်ကုန်တယ်။ ဒါပေမယ့် အရေးတကြီးဝင်စရာရှိရင်တော့ နေရာကို ကျပ်ငွေ ၅ သိန်းလောက် ပေးဝယ်ပြီး ဝင်နေတာလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။  

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သျှမ်းမြောက်ဒေသရှိ မြို့နယ်  ၁၆ ခုမှာ ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၂၀,၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
August 24, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/...
ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...