“ဝ”ဒေသရောက် စစ်ဘေးရှောင်များ ယာယီနေထိုင်ခွင့်လက်မှတ်လုပ်ရန် UWSA ထုတ်ပြန်

“ဝ”ဒေသရောက် စစ်ဘေးရှောင်များ ယာယီနေထိုင်ခွင့်လက်မှတ်လုပ်ရန် UWSA ထုတ်ပြန်

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဝင်ရောက် စစ်ဘေးရှောင်လာကြသည့် ပြည်သူများအားလုံး နီးစပ်ရာရဲစခန်းတွေမှာ ယာယီနေထိုင်ခွင့်လက်မှတ် ပြုလုပ်ကြဖို့ UWSA က ထုတ်ပြန် ကြေညာထားကြောင်းသိရသည်။

ဒီဇင်ဘာလ ၃ရက် ရက်စွဲဖြင့် ” ဝ ” ပြည်တရားရေးရာလုပ်ငန်းကော်မတီ မှ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးအတွက် ဟု ဆိုကာ “ဝ”ဒေသအတွင်း ဝင်ရောက်လာသည့် စစ်ဘေးရှောင်ပြည်သူများအားလုံး ယာယီနေထိုင်ခွင့် လက်မှတ်နှင့် မိမိတို့ပါလာသည့်မော်တော်ယာဉ်များကို နီးစပ်ရာ ယာဉ်ထိန်းရုံးသို့ ယာဉ်မောင်းနှင်ခွင့်(ယာယီ)လက်မှတ်ပါ ပြုလုပ်ရမည်ဟု ထုတ်ပြန်ထားကြောင်းသိရသည်။

” မနေ့က လိုက်ပြောကြတယ် ကားပါလာသူတွေလည်း ယာဉ်မောင်းနှင်ခွင့် ကဒ်လုပ်ထားပေါ့၊ ဒါမှ အဖြူ အမည်း သဲသဲကွဲကွဲ သိမယ်ပေါ့၊လုံခြုံရေးအရလုပ်ရတာမို့ စစ်ဘေးရှောင်အားလုံးပူးပေါင်းပါဝင်ကြရမယ်ပေါ့ ” ဟု “ဝ”ဒေသရောက် စစ်ရှောင်တစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

ကိုးကန့်ဒေသတွင်း MNDAA နှင့်စစ်ကောင်စီတို့၏ တိုက်ပွဲများကြောင့် “ဝ”ဒေသအတွင်းသို့ စစ်ဘေးရှောင်ပြည်သူ သောင်းဂဏန်းအထိ ဝင်ရောက်မှုများရှိခဲ့ပြီး UWSA ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးလျှက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၄ရက် နံနက်ပိုင်းတွင်လည်း စစ်ဘေးရှောင် ၁၄၈ဦးကို ကားကြီး၃စီးဖြင့် နမ့်တစ်မြို့ကတစ်ဆင့် တန့်ယန်းမြို့ဘက်သို့ အခမဲ့ ပို့ဆောင်ပေးခဲ့သေးကြောင်း ထပ်မံသိရသည်။

ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
August 24, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/...
ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...