ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် ညီနောင်သုံးဖွဲ့ အသိပေး

ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် ညီနောင်သုံးဖွဲ့ အသိပေး

ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်ဖွဲ့ဝင်များ အနေဖြင့် အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမများနှင့် ကောင်းမွန်စွာတွေ့ခွင့်ရလိုပါက နီးစပ်ရာစခန်းများသို (အမြန်ဆုံး)ဆက်သွယ်ပြီး လက်နက်ချအညံ့ခံရန် အသိပေးလိုက်ကြောင်း ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၁၃ ရက် တွင် ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအနှံ့ ဆင်နွဲသွားမည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပြီးနောက်ပိုင်း ယနေ့ နံနက်ပိုင်းမှစတင်ကာ ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲစတင်သည့်နေ့တွင် ရခိုင်ပြည်အတွင်းက နေရာ ၅ နေရာ၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း လက်နက်ချအညံ့ခံသောသူများရှိခဲ့သလို နီးစပ်ရာစခန်းများသို့ ဆက်သွယ်၍ စစ်ဘက်၊ ရဲဘက်မှ လက်နက်ချအညံ့ခံလာသောသူများကိုလည်း ကောင်းစွာ လက်ခံထားရှိကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်ကဆိုသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ရသေ့တောင်မြို့နယ်တွင် ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီး၊ မောင်တောမြို့နယ်တွင် မီးတိုက်နှင့် သင်္ဘောလှရွာအနီး၊ မင်းပြားမြို့နယ်တွင် ဖားပြို(ချင်း)ကျေးရွာ အရှေ့ဘက် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်နှင့် မင်းပြားမြို့နယ်တွင် ပန်းမြောင်းရွာအရှေ့ဘက် မင်းပြား-မြောက်ဦးမြို့နယ်ကြား၊ ရသေ့တောင်မြို့နယ်တွင် အငူမော်ဆိပ်ကမ်းမြောက်ဘက် ဒုံးပိုက်ကျေးရွာအနီးတို့တွင် အသီးသီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယနေ့တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ စစ်ကောင်စီ၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခြင်းများရှိပြီး စစ်ကောင်စီအခြေပြု တပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများရှိကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

သေဆုံးဒဏ်ရာရရှိခဲ့သူများမှာ မြောက်ဦးမြို့နယ်တွင် သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရရှိသူ ၃ ဦး၊ မင်းပြားမြို့နယ်တွင် ဒဏ်ရာရရှိသူတစ်ဦး၊ မောင်တောမြို့နယ်တွင် ဒဏ်ရာရရှိသူတစ်ဦးနှင့် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရရှိသူ ၂ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

ရခိုင်တွင် တိုက်ပွဲစတင်သည်နှင့်တပြိုင်နက် စစ်ကောင်စီက မြို့နယ်အားလုံးတွင် မြို့အဝင်/အထွက်များကို ပိတ်ဆို့ထားပြီး ကုန်းလမ်း၊ ရေလမ်းများကိုလည်း ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးသည် ၁၈ ရက်မြောက်ရှိခဲ့ပြီဖြစ်ကာ မြို့ပေါင်း ၇ မြို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီ တပ်စခန်းပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက်ရယူခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်၊ ကိုးကန့်အထူးဒေသ (၁) ၊ ချင်းရွှေဟော်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ယခုအခါ ကချင်ပြည်၊ ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအပါအဝင် အခြားသောနေရာများသို့လည်း စစ်ဆင်ရေး ကူးခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးထဲတွင် မပါသေးသည့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီစွာ အမြန်ဆုံး ဆက်စပ်တိုက်ပွဲဝင်ကြရန်လည်း ညီနောင်သုံးဖွဲ့က တိုက်တွန်းထားသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...