လားရှိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ တစ်ဦး ဒဏ်ရာရ

လားရှိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ တစ်ဦး ဒဏ်ရာရ
Photo – Jai Hla Aung Lashio
Photo – Jai Hla Aung Lashio

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုး သမီး တစ်ဦး ထိမှန်သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၂၅ ရက်နေ့၊ ညအချိန် ၁၁ နာရီခွဲခန့်က ဟိုနမ့်ရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချသည် ဆိုကာ ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၅၀ ကျော် အရွယ်ရှိ ပါ့စံ ဆိုသူမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဟုတ်တယ်။ ညသန်းခေါင်ကို လက်နက်ကြီးနဲ့ ပစ်လာတာ။ လက်နက်ကြီး ပေါက်ကွဲလို့ လူတစ်ယောက်သေပြီး အိမ်တွေလဲ ထိတယ်။ စစ်တပ်ကနေ လက်နက်ကြီးနဲ့ ၃ ခါ ပစ်တာ။ ရွာထဲမှာ ကိုးကန့်တပ်တွေ ရှိတယ်ဆိုပြီး ပစ် တာ၊ ကိုးကန့်တပ်ဖွဲ့တွေက နေ့လယ်ခင်း ရွာထဲခဏလေး ဝင်လာပြီး ပြန်ထွက်သွားပြီ” ဟု လားရှိုးမြို့နယ် ဟိုနမ့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုနမ့်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၅၀ ကျော်အရွယ်ရှိ ဒေါ်စံ ဆိုသူ အမျိုးသမီးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အခြားအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့အပြင် လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ‌‌ဒေသခံများက ဆိုသည်။

လားရှိုးမြို့ မြောက်ဘက်ရှိ ကျေးရွာများတွင် ကိုးကန့် MNDAA တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် အင်အားအများအပြား ‌ရောက်ရှိနေပြီး ‌ဒေသခံများမှာ တိုက်ပွဲထပ်မံဖြစ်ပွားကာ စားဝတ်နေရေး အခက်အခဲ ဖြစ်မည်ကို စိုးရိမ်နေကြသည်။

အောက်တိုဘာနေ့ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းကလည်း လားရှိုးမြို့အနီး ကုန်းသာ၊ ပန်စုံကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချနေရာကို စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၂ ကြိမ်လာ‌ရောက် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီက လားရှိုးမြို့နယ်တွင် (အောက်တိုဘာလ ၂၅ ရက်) တစ်ရက်ထဲအတွင်း အများပြည်သူ နေထိုင်ရာ ကျေးရွာဆီသို့ လက်နက်ကြီးများဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...