အင်းတော်ကြီးဒေသမှာ စားကျက်မြေကျဉ်းလာမှုကြောင့် ဆင်များအတွက် အခက်အခဲဖြစ်လာနေ

အင်းတော်ကြီးဒေသမှာ စားကျက်မြေကျဉ်းလာမှုကြောင့် ဆင်များအတွက် အခက်အခဲဖြစ်လာနေ

အင်းတော်ကြီးဒေသ အတွင်း လယ်ယာမြေ တိုးချဲ့လုပ်ကိုင်မှုတွေနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ဆင်များ၏ စားကျက်မြေများ ကျဉ်းမြောင်းလာကာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာနေရတယ်လို့ ဆင်မွေးမြူထားသူတွေက ပြောပါတယ်။

“ဆင်နဲ့ပတ်သက်ပြီးတော့  လူတွေများလာတော့ တောတွေတောင်တွေမှာ စားကျက်မြေက ကျဉ်းလာတယ်။ ဆင် တွေကို လွတ်ဖို့နေရာတွေကကျဉ်းသွားတယ်။ ကျဉ်းလာတယ်။ အဲ့လိုဆိုတော့ အခက်အခဲတွေကြုံနေတာ” လို့ လွဲမွန်ကျေးရွာက ဆင်ပိုင်တစ်ဦးက ပြောပါတယ်။

အင်းတော်ကြီးဒေသ အတွင်းမှာ ယခုနှစ်ပိုင်းတွေမှာ  လယ်ယာစိုက်ပျိုးမြေများ တိုးချဲ့လာကိုင်လာကြခြင်း ကြောင့် တိရိစ္ဆာန်တွေအတွက် စားကျက်မြေများ ကျဉ်းလာတယ်လို့ အင်းတော်ကြီး သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုထား ကြပါတယ်။

ယခင်က ဆင်များအတွက် စားကျက်မြေနေရာတွေ သီးသန့်ရှိခဲ့ပေမယ့်လည်း လက်ရှိမှာ ဆင်တွေအပါအဝင် တခြားသော တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်မြေ ပျောက်ဆုံးလာနေကာ ၎င်းတို့အတွက် စားကျက် မြေတွေ  ဖန်တီးပေးဖို့ လိုတယ်လို့ ဆင်မွေးမြူသူတွေက ပြောဆိုနေကြပါတယ်။           

“ဆင်တွေကိုမလွတ်ရဘူး၊ ကျွဲတွေနွားတွေကို လှန်သလိုပဲ လှန်ထားရတယ်။ လွတ်လိုက်ရင်လည်း လျောက် သွားနေတော့ သူများဟာ သွားဖျက်ဆီးမိမယ်။ ဆင်စားကျက် ကောင်းကောင်းတော့ လိုချင်တာပေါ့” လို့  ဆင်ပိုင် တစ်ဦးက ပြောပါတယ်။

စားကျက်မြေ တိုးချဲ့ခြင်းတွေကို မပြုလုပ်ဖို့အတွက်နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမယ့် အလွန်အကျွံ သစ် ထုတ်လုပ်မှုတွေကို မလုပ်ဖို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေကို တိုက်တွန်းနေပမယ့်လည်း ရပ်တန့်သွား ခြင်းမရှိပဲ ဆက်လက် လုပ်ကိုင်နေကြတယ်လို့ အင်းတော်ကြီးဒေသ မိုင်းနောင်ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြော ပါတယ်။

အင်းတော်ကြီးဒေသက ကျေးရွာအများစုမှာ ဆင်မွေးမြူထားကြတာရှိပြီး လယ်ယာလုပ်ငန်းများ၊ သစ်ထုတ်လုပ် ရေး လုပ်ငန်းများမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသကို  ယူနက်စကိုက ဇီဝအဝန်းအဝိုင်းနယ်မြေ တစ်ခုဖြစ် သတ်မှတ်ထားသည့်အပြင် အင်းတော်ကြီးအိုင်ကိုလည်း ရမ်ဆာ ကမ္ဘာ့ရေတိမ်ဒေသ စာရင်းဝင်ထားတဲ့ ဒေသလည်း ဖြစ်ပါတယ်။

April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...